အနာဂတ်မျိုးဆက်များအထိ စံနမူနာပြု အတုယူဖွယ်ရာ


Ministry of Information/ Naypyitaw / March 17, 2025
image_latest


ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုသည်မှာ မင်္ဂလာတရားနှင့်အညီပင်ဖြစ်သကဲ့သို့ နောင်လာနောက်သားမျိုးဆက်သစ်များအတွက်လည်း စံနမူနာထားအတုယူနိုင်စေရန်အတွက်ဖြစ်သည်။ ယနေ့ မိမိတို့နိုင်ငံသည် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကဏ္ဍစုံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံ၏အခြေအနေမှာ သာမန်အခြေအနေမဟုတ်သည့်အလျောက် အထူးဝါယမစိုက်ထုတ်ပြီး ကြိုးပမ်းဆောင်ရွက်နေကြရသည်။

လက်ရှိနိုင်ငံအတွင်းတွင် ဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်သောင်းကျန်းမှုများနှင့် အဖျက်အမှောင့်လုပ်ရပ်များက နိုင်ငံ၏ ကဏ္ဍအသီးသီးတို့ကို ဆုတ်ယုတ်အားနည်း ပျက်စီးမှုများဖြစ်စေနိုင်သည့်အပြင် ပြည်ပကျူးကျော်မှုအန္တရာယ်များကိုပါ ဖိတ်ခေါ်နေကြသည်။ နိုင်ငံကို အလုံးစုံပျက်သုဉ်းစေလိုသည့် လူများနှင့် လူအုပ်စုအချို့တို့ကလည်း ယင်းအခြေအနေမျိုး မဖြစ်ဖြစ်အောင်၊ နိုင်ငံနှင့်လူမျိုး ပျက်စီးရာပျက်စီးကြောင်းဟူသမျှကို အဖျက်စိတ်ဓာတ်အပြည့်အဝဖြင့် ကြံစည်ပြုလုပ်နေကြသည်။ ယင်းသို့သော အဖျက်ရန်များကိုကာကွယ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းတည်ဆောက်ကြရာ၌ အဓိကအကျဆုံးသောအင်အားမှာ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံး၏ စည်းလုံးညီညွတ်သောအားပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုနှင့်အတူ နိုင်ငံသားပြည်သူတစ်ဦးချင်းစီက အတွေးအခေါ်အသိအမြင်မှန်ကန်စွာဖြင့် မိမိတို့၏ ကာယ၊ ဉာဏ၊ ကျွမ်းကျင်မှု စွမ်းအားများနှင့်အတူ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက် (လွတ်လပ်ရေးနေ့) နှင့် မတ်လ (၂) ရက် (တောင်သူလယ်သမားနေ့) တို့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးဖြစ်သည့် စည်သူဘွဲ့ (၁၃) ဦး၊ သူရဘွဲ့ (၃) ဦး၊ ဇေယျကျော်ထင်ဘွဲ့ (၁၇)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၁၄) ဦး၊ အလင်္ကာကျော်စွာဘွဲ့ (၁) ဦး၊ သိပ္ပကျော်စွာဘွဲ့ (၂) ဦး စုစုပေါင်း (၅၀) ဦးကို မတ်လ ၁၆ ရက် နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌရုံး၊ သဘင်ဆောင်တွင် သက်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းလိုက်ပြီဖြစ်သည်။ ယင်းသို့ နိုင်ငံတော်က ဂုဏ်ထူးဆောင်ဘွဲ့ ဂုဏ်ပြုချီးမြှင့်အပ်နှင်းခြင်း ခံရသောပုဂ္ဂိုလ်များသည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကိုတည်ဆောက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာတွင် သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြားစွာအားထုတ်ကြိုးပမ်း ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် သံတမန်တာဝန်များကို ထူးချွန်စွာဆောင်ရွက်သည့် ပုဂ္ဂိုလ်များ၊ သိပ္ပံပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီ အောင်မြင်စွာတီထွင်ဖန်တီး စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာတတ်မြောက်ပြီး အကျိုးပြုကြသည့် ပုဂ္ဂိုလ်များပင်ဖြစ်ပြီး နိုင်ငံတော်အတွက် စံနမူနာပြပုဂ္ဂိုလ်များပင်ဖြစ်သည်။

နိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြရာတွင် သာမန်မျှမဟုတ်ဘဲ ထူးထူးချွန်ချွန်၊ စွန့်လွှတ်စွန့်စား၊ အနစ်နာခံမှုတို့ဖြင့် တာဝန်ကျေပွန်သူများကို နိုင်ငံတော်က မှတ်တမ်းတင်ဂုဏ်ပြုချီးမြှင့်ခြင်းပင်ဖြစ်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခြင်းခံရသူများအပေါ်တွင် နိုင်ငံသူ နိုင်ငံသားတိုင်းက စံနမူနာပြုကြရမည့်အပြင် အနာဂတ်မျိုးဆက်သစ်များအထိ အတုယူကာ နိုင်ငံ့တာဝန်ကို အထူးကျေပွန်ကြရပါမည့်အကြောင်း။ ။

Newspaper - 3137 items

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download