အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / April 03, 2026
နေပြည်တော် ဧပြီ ၂
အပူဒဏ်အန္တရာယ်နှင့်ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် Semi Virtual စနစ်ဖြင့်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့မှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ တက်ရောက်ကြသည်။
အပူဒဏ်အန္တရာယ်ဖြစ်ပွားမှု ပိုမိုလျော့နည်းစေရေးကြိုးပမ်း
ဦးစွာ ဒုတိယဝန်ကြီးက အပူဒဏ်အန္တရာယ်မဖြစ်ပွားမီကတည်းက ကာကွယ်နိုင်ရေးသည် အရေးကြီးသဖြင့် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများကို ကျေးလက်ဒေသများအထိ ရောက်ရှိစေရန် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် ကုသရေးအထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အပူဒဏ်အန္တရာယ်လူနာများအား အရေးပေါ်ကုသမှုပေးရာတွင် စံကုသမှုလမ်းညွှန်နှင့်အညီ ဆောင်ရွက်ရန်အတွက် လေ့ကျင့်မှုများဆောင်ရွက်ထားရှိစေလိုကြောင်း၊ နှစ်စဉ်ဆောင်ရွက်နေသော လုပ်ငန်းများဖြစ်သော်လည်း အပူဒဏ်အန္တရာယ်ဖြစ်ပွားမှု ပိုမိုလျော့နည်းစေရေးအတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သော ကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် ပြည်သူ့ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်နှင့် နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အပူရှောင်စခန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် လမ်းညွှန်ချက်များကို ကျန်းမာရေးဌာနအဆင့်ဆင့်ထံသို့ ဖြန့်ဝေထားရှိမှု၊ အပူဒဏ်အန္တရာယ်လူနာ စံကုသမှုလမ်းညွှန်များအား ဖြန့်ဝေထားရှိမှု၊ ပြည်သူများအတွက် အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှင့် အပူဒဏ်အန္တရာယ်ခံစားရသော လူနာများအား ရှေးဦးပြုစုခြင်းတို့နှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေထားရှိမှု၊ ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများမှတစ်ဆင့် အသိပညာပေးနှိုးဆော်နေမှုနှင့် အပူဒဏ်အန္တရာယ်ဖြစ်ပွားမှုအား စောင့်ကြပ်ကြည့်ရှုနေမှုတို့အပါအဝင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တက်ရောက်လာသည့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်တို့မှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ဗဟိုအဆင့်ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများက အပူရှောင်စခန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ထားရှိမှု၊ ဖွင့်လှစ်ထားရှိသည့် အပူရှောင်စခန်းများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှု၊ ဆေးရုံနှင့်ဆေးခန်းများတွင် လူနာများ လက်ခံကုသနိုင်ရန် ခုတင်နေရာများ ပြင်ဆင်ထားရှိမှု၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ ပြင်ဆင်ထားရှိမှုများ၊ ကွင်းဆင်းကျန်းမာရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ လူအများမြင်သာသည့် နေရာများတွင် အသိပညာပေးနှိုးဆော်ချက် ဆိုင်းဘုတ်များထားရှိမှု၊ နှီးနွှယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေမှုနှင့် နွေရာသီကာလတွင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအန္တရာယ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်သည်။
အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိ
ကျန်းမာရေးဝန်ကြီးဌာနသည် အပူဒဏ်အန္တရာယ်နှင့် ပတ်သက်သောကျန်းမာရေးပြဿနာများ ကာကွယ်ကုသရေးအတွက် လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် အပူဒဏ်အန္တရာယ်ဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုသတင်းအချက်အလက်များအရ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် အပူဒဏ်အန္တရာယ်ကြောင့် ပြင်းထန်လူနာနှင့် သေဆုံးလူနာများ ယခုအထိ မရှိသေးကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3489 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
