အပူဒဏ်အန္တရာယ် သတိပြုကာကွယ်
အပူဒဏ်အန္တရာယ် သတိပြုကာကွယ်
Ministry of Information/ Naypyitaw / March 17, 2025
မတ်လဆန်းမှစတင်သည့် ယခုနှစ်နွေရာသီအပူချိန်သည် ယခင်နှစ်များထက်စာလျှင် မြင့်မားသည်ဟုမဆိုနိုင်ပါ။ မတ်လ ၁၆ ရက်နေ့ အမြင့်ဆုံးအပူချိန်သည် ၄၀ ဒီဂရီစင်တီဂရိတ် ဝန်းကျင်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် မတ်လဆန်းပိုင်းက အမြင့်ဆုံးအပူချိန်သည် ၄၃ ဒီဂရီစင်တီဂရိတ်နှင့်အထက်ရှိခဲ့သဖြင့် အမြင့်ဆုံးအပူချိန်ဖြစ်ပေါ်ခဲ့သည်။ ယခုနှစ် မတ်လဆန်းပိုင်းက အပူချိန်သည် ယခင်နှစ်များနှင့်မတူ ပိုမိုပူပြင်းသည်ဟုခံစားကြရသည်။
အကြောင်းမှာ နေ့အပူချိန်မြင့်တက်လာမှုနှင့်အတူ နေရောင်ခြည်အတွင်း ခရမ်းလွန်ရောင်ခြည်ပါဝင်မှုနှုန်း မြင့်မားလာမှုကြောင့် အပူရှိန်မြင့်မားမှုဒဏ်ကို ပိုမိုသိသာစွာခံစားခဲ့ရခြင်းဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် (Ultraviolet-UV) သည် လူသားတို့ မျက်စိဖြင့်မမြင်နိုင်သော နေရောင်ခြည်မှ ဖြာထွက်လာသည့် လျှပ်စစ်ရောင်စဉ်လှိုင်းဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းကို အရောင်ဖြင့်ခွဲခြားထားသည်။ အစိမ်းရောင်သည် အညွှန်းကိန်းနည်းသည့် သုညမှ ၂ ဒသမ ၉ အထိ ဖြစ်သည်။ အဝါရောင်သည် အညွှန်းကိန်း အတန်အသင့်ပါဝင်သည့် ၃ မှ ၅ ဒသမ ၉ အထိဖြစ်သည်။ လိမ္မော်ရောင်သည် အညွှန်းကိန်းပါဝင်မှုမြင့်မားသည့် ၆ မှ ၇ ဒသမ ၉ အထိဖြစ်သည်။ အနီရောင်သည် အညွှန်းကိန်းအလွန်မြင့်မားသည့် ၈ မှ ၁၀ ဒသမ ၉ အထိဖြစ်သည်။
ယခုမတ်လ ဒုတိယပတ်တွင် ခရမ်းလွန်ရောင်ခြည်ပါဝင်မှု အညွှန်းကိန်းမှာ ၆ မှ ၇ ပြည့်သည့် လိမ္မော်ရောင်အဆင့် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းမြင့်မားလာသည့် အခြေအနေဖြစ်သည်။ ထို့ကြောင့် နေ့လယ်ခင်းတွင် အပူချိန်ပိုမိုမြင့်မားနေသည်ဟုခံစားရပြီး ကျန်းမာရေးအတွက် အထူးသတိပြုကြရမည့် အခြေအနေဖြစ်သည်။ နေ့အပူချိန်မြင့်မားလာသောကြောင့် အပူဒဏ်အန္တရာယ်ကာကွယ်ရေးအတွက် အရိပ်ရ၍အေးမြသောနေရာများတွင်သာနေထိုင်ရန်၊ မိမိတို့၏အသားအရေကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်းနှင့် ပခုံးတို့ကိုပါ လုံခြုံသောအရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကိုဝတ်ဆင်ပါ။ နေ့ခင်း၊ နေ့လယ်အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းရန်နှင့် ရေများများသောက်ရန် အကြံပြုပါသည်။
ရှောင်ကြဉ်ရန်အချက်များမှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို သတိပြုရှောင်ရှားရန်၊ ပူပြင်းသည့်နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းများကို အတတ်နိုင်ဆုံးရှောင်ရှားပါ။ နေပူထဲမှပြန်လာပြီးနောက် ချက်ချင်းရေချိုးခြင်းကို မပြုလုပ်မိရန် အထူးသတိထားရမည်ဖြစ်သည်။ အလွန်ပူသောအချိန်များတွင် ရေခဲရေသောက်ခြင်းကို သတိပြုဆင်ခြင်ရန်လိုပါသည်။ ပြင်ပ၌ အလွန်ပူပြင်းနေသော နေရောက်အောက်မှ အလွန်အေးသောအခန်းများအတွင်း သို့မဟုတ် မှန်လုံမော်တော်ယာဉ်အတွင်း ချက်ချင်းဝင်ရောက်ခြင်း၊ အလွန်အေးသော အခန်းအတွင်း သို့မဟုတ် မော်တော်ယာဉ်အတွင်းမှ အလွန်ပူသောနေရောင်အောက်သို့ ချက်ချင်းထွက်ခြင်းတို့ကို အထူးရှောင်ရှားသင့်ပါသည်။
ယခုကာလသည် ခရမ်းလွန်ရောင်ခြည် မြင့်မားလာသောအချိန်အခါဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း မြင့်မားစွာရှိနေသောအချိန်များတွင် နေရောင်ခြည်နှင့်ထိတွေ့မှုကြောင့် အရေပြားများနေလောင်ခြင်း၊ အသားအရောင်များ ညိုမည်းလာခြင်းများဖြစ်စေပါသည်။ နေရောင်ခြည်နှင့် ထိတွေ့မှုများလာသောအခါ အရေပြားများ အရွယ်မတိုင်မီပျက်စီးပြီး အိုမင်းရင့်ရော်မှုမြန်ဆန်ခြင်း၊ ခုခံအားများကျဆင်းလာခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြားကင်ဆာရောဂါများဖြစ်ပွားခြင်း စသည့်ကျန်းမာရေးဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ မိမိတို့၏ ဝမ်းစာရေးအတွက် မဖြစ်မနေ နေရောင်ခြည်အောက်တွင် အလုပ်လုပ်ရမည်ဆိုပါလျှင် ကြိုတင်သတိပြုကာကွယ်ဆောင်ရွက်မှုများကို လိုက်နာကြရမည်ဖြစ်သည်။ အထူးသဖြင့် အသက်အရွယ်ကြီးရင့်သူများ၊ သွေးတိုး၊ ဆီးချို၊ နှလုံးစသည့် ရောဂါအခံရှိသူများ၊ ကိုယ်ဝန်ဆောင်များ၊ ကျန်းမာရေးမကောင်းသူများသည် အထူးသတိပြုဆင်ခြင် ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် အေးမြသည့်အရိပ်အာဝါသအောက်တွင် နေထိုင်ပါရန် အကြံပြုလိုပါသည်။
ခရမ်းလွန်ရောင်ခြည် မြင့်မားစွာကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါရန်၊ ခရမ်းလွန်ရောင်ခြည်သည် အရေပြားနှင့် မျက်စိကို ထိခိုက်ပျက်စီးစေနိုင်သဖြင့် အသားအရေလုံခြုံရေးနှင့် ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်း အကာ အကွယ်ပေးနိုင်သည့် နေကာမျက်မှန်တပ်ဆင်ပြီးမှ နေရောင်ခြည်နှင့် ထိတွေ့ပါရန် မေတ္တာရပ်ခံပါသည်။ သို့ဖြစ်ရာ အပူချိန်မြင့်မားမှုနှင့် ခရမ်းလွန်ရောင်ခြည်ကြောင့် လူတို့၏ကျန်းမာရေးကို များစွာထိခိုက်စေနိုင်သဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက လမ်းညွှန်ထားသည့် ခရမ်းလွန်ရောင်ခြည်နှင့် အပူဒဏ်ကာကွယ်ရေးကို အထူးလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။
Newspaper - 3474 items
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
