အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forest” အထိမ်းအမှတ် အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forest” အထိမ်းအမှတ် အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / March 21, 2025
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို ၂၁-၃-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဆက်စပ်ဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေညီလာခံက သစ်ပင်၊ သစ်တောနှင့်ဂေဟစနစ်မျိုးစုံ၏ အရေးပါမှုကို ပိုမိုသိရှိ နားလည်ပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နှစ်စဉ် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forest” အဖြစ် ၂၀၁၂ ခုနှစ်တွင် စတင်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဆောင်ပုဒ်မှာ “Forest and Food - သစ်တောများနှင့်စားရေရိက္ခာများ” ဖြစ်ကြောင်း၊
ယနေ့ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲမှု၊ ကပ်ရောဂါ ဖြစ်ပွားမှု၊ ပဋိပက္ခများနှင့် သဘာဝဘေးအန္တရယ်ကျရောက်မှုများကြောင့် စားရေရိက္ခာ ထုတ်လုပ်မှု ကျဆင်းလာပြီး ကမ္ဘာပေါ်ရှိ လူဦးရေ ၇၃၃ သန်းခန့် ငတ်မွတ်မှုနှင့်ရင်ဆိုင်နေရပြီး လူဦးရေ ၈၁၅ သန်း ခန့် အာဟာရချို့တဲ့လျက်ရှိကြောင်း ကုလသမဂ္ဂစားရေရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ FAO က ထုတ်ပြန်ထားပြီး ကမ္ဘာ့စားရေရိက္ခာဖူလုံစေရေးအတွက် သစ်တောဂေဟစနစ်များ မြှင့်တင်ထိန်းသိမ်းပေးရန် နှိုးဆော်လျက်ရှိကြောင်း၊ စားရေရိက္ခာရရှိမှုနှင့် ထုတ်လုပ်မှုနည်းလမ်းများသည် တည်ငြိမ်သော ဂေဟစနစ်နှင့် ကောင်းမွန်မျှတသောရာသီဥတုရှိမှသာ အောင်မြင်နိုင်မှာဖြစ်သည့်အတွက် ဂေဟစနစ် အားလုံး၏ ဗဟိုချက်ဖြစ်သော သစ်တောဂေဟစနစ်များကို ကမ္ဘာ့နိုင်ငံများက ပိုမိုအလေးပေး ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် အဖိုးတန်သစ်တောသယံဇာတများ ရေရှည်တည်တံ့ပြီး နိုင်ငံ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန်အတွက် သစ်တောများအား စနစ်တကျ စီမံ အုပ်ချုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်သည် မြစ်ကြီးများ၏ ရေဝေရေလဲဒေသအတွင်း ကျရောက်လျက်ရှိသည့်အတွက် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ ဒီရေတောများ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ခြင်းများကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ အလားတူ နိုင်ငံ၏ သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်စေပြီး ရာသီဥတု မျှတ စေရေးအတွက် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်စေရေး အတွက် တစ်အုပ်တစ်မစိုက်ခင်းများ စိုက်ပျိုးခြင်း၊ ထင်းလောင်စာလိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်ရေးအတွက် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် အပူပိုင်း ဒေသ ၁၃ ခရိုင် စိမ်းလန်းစိုပြည်စေရေးအတွက် တစ်ရွာ ၂ ဧက ဘက်စုံသုံးစိုက်ခင်းများ တည်ထောင် ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ သစ်ပင် သစ်တောများသည် လူသားများနှင့် ပတ်ဝန်းကျင်အတွက် မရှိမဖြစ်အရေးပါသည့်အတွက် လူတိုင်းက သစ်တောများ၏ အရေးပါမှုနှင့် တန်ဖိုးကို သိရှိ နားလည်ပြီး မြန်မာနိုင်ငံရှိသစ်တောများ ထာဝစဉ်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက် သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာသောင်းနိုင်ဦးက အပြည်ပြည် ဆိုင်ရာသစ်တောများနေ့ Keynote Presentation အား ရှင်းလင်းတင်ပြပြီး အထိမ်းအမှတ် ဗွီဒီယိုအား ပြသသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခင်းကျင်းပြသထားသော အပြည်ပြည်ဆိုင်ရာ သစ်တော များနေ့ အထိမ်းအမှတ်ပိုစတာများအား လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက် သစ်တောများနှင့် စားရေရိက္ခာဖူလုံရေး၊ ဂေဟစနစ်နင့် ဇီဝမျိုးစုံမျိုးကွဲများ၊ ဆေးဖက်ဝင်အပင်များနှင့် သဘာဝသီးပင်စားပင်များ၊ ရေသယံဇာတနှင့် ဒီရေတောများ၊ ရေဝေရေလဲ သစ်တောများ၊ ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းရေးများနှင့် စပ်လျဉ်း၍ စာတမ်းများ ဖတ်ကြား ဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
Newspaper - 3157 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download