အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ကြည့်ရှုစစ်ဆေး
အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / November 12, 2025
ရန်ကုန် နိုဝင်ဘာ ၁၁
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၌ အကောက်ခွန်လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
လိုအပ်သည်များ မှာကြား
ဦးစွာ မြန်မာ့စက်မှုဆိပ်ကမ်း (Myanmar Industrial Port Terminal-MIP) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကမ်းခြေစောင့်တပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ အကောက်ခွန်ဦးစီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)၊ Yangon International Gateway Terminal (YIGT)၊ အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (Ahlon International Port Terminal) နှင့် အကောက်ခွန်ကုန်လှောင်ရုံ (Bonded Warehouse)၊ ဆူးလေ အမှတ် (၅) ဆိပ်ကမ်း (Sule Wharf – 5) တို့၌ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်နေမှုများ၊ X-Ray စက်ဖြင့် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport)၊ လေဆိပ်ကုန်လှောင်ရုံ (Air Cargo Terminal)၊ လေဆိပ်သွင်းကုန်၊ Yangon Aerodrome Co.,Ltd (YACL)နှင့် လေဆိပ် (OSS) Sky Cargo Terminal တို့၌ အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3347 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 12, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 10, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 04, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
