အဖိုးတန် ရေချိုအရင်းအမြစ်များ မပျက်မစီးရန် ထိန်းသိမ်းစောင့်ရှောက်


Ministry of Information/ Naypyitaw / May 22, 2026
image_latest


ရေသည် လူတိုင်းနေ့စဉ်သုံးစွဲရန်လိုအပ်သည့် မရှိမဖြစ်သယံဇာတဖြစ်သည်။ ရေသည်လွန်စွာအဖိုးတန်သည့် အရင်းအမြစ်တစ်ခု ဖြစ်သည့်အလျောက် ရေအရင်းအမြစ်များ ပျက်စီးပျောက်ကွယ်ဆုံးရှုံးမှုမဖြစ်စေရန် စနစ်တကျထိန်းသိမ်း၍ အကျိုးရှိရှိအသုံးပြုကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် ရေအရင်းအမြစ်ကြွယ်ဝသောနိုင်ငံဖြစ်ပြီး အဓိကမြစ်ကြီးလေးသွယ်နှင့် မြစ်ချောင်းများမှ နှစ်စဉ်ရေချိုဧက ပေ သန်း ၈၀၀ ကျော်စီးဆင်းလျက်ရှိသည်။ သဘာဝမြစ်ချောင်းများမှ ရေကောင်းရေသန့်ရရှိနိုင်မှုပမာဏသည် အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားပြီးလျှင် ဒုတိယအများဆုံးဖြစ်ပြီး အာရှနိုင်ငံများထဲတွင် တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်ပြီးလျှင် ပဉ္စမအဆင့်တွင်ရှိသည်။ တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁ ဒသမ ၇ ရာခိုင်နှုန်းရှိခြင်းကြောင့် ရေချိုပေါများသည့်နိုင်ငံဖြစ်သည်။ သို့ရာတွင် မြစ်ချောင်းများမှ စီးဆင်းလျက်ရှိသည့် ရေချိုပမာဏ၏ ၅ ရာခိုင်နှုန်းခန့်ကိုသာ စိုက်ပျိုးရေ၊ အိမ်သုံးရေနှင့် စက်မှုသုံးရေအဖြစ် သုံးစွဲနိုင်သေးခြင်းကြောင့် နိုင်ငံ၏ရေသယံဇာတကို အကျိုးရှိစွာသုံးစွဲနိုင်ရန် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံသည် သဘာဝရေအရင်းအမြစ် ကြွယ်ဝသည်ဟုဆိုသော်လည်း ခြောက်သွေ့ရာသီသို့ရောက်ရှိသည်နှင့် သောက်သုံးရေ မလုံလောက်သည့် ရပ်ရွာဒေသများ ရှိနေသည်။ အထူးသဖြင့် မိုးနည်းရေရှား အပူပိုင်းရပ်ဝန်းဒေသများတွင် ရေအခက်အခဲများ ရှိနေကြသည်။ ရေရှားပါးမှုဖြစ်စေသည့် အကြောင်းအရာများမှာ ရာသီဥတုပြောင်းလဲမှုနှင့် လူတို့၏မဆင်မခြင်ပြုလုပ်မှုတို့ကြောင့် ရေထွက်များ၊ မြစ်ချောင်းအင်းအိုင်များ စသည့်ရေအရင်းအမြစ်များ ပျက်စီးပျောက်ကွယ်သွားခြင်း၊ ရေဝေရေလဲဒေသရှိ သစ်ပင် သစ်တောများနှင့် သဘာဝသစ်တောများ ပြုန်းတီးခြင်း၊ ဒေသစိမ်းလန်းစိုပြည်မှုကင်းမဲ့ခြင်း စသည့်သဘာဝပတ်ဝန်းကျင်ပျက်စီး ယိုယွင်းမှုများနှင့် ဆက်စပ်လျက်ရှိသည်။

ရေအရင်းအမြစ်များ တစ်နည်းနည်းဖြင့် လျော့နည်းလာခြင်းက ၎င်းရေအရင်းအမြစ်ကို မှီခိုနေကြရသည့် ဒေသခံပြည်သူတို့၏ ရှင်သန်နေထိုင်ရေးနှင့်ကျန်းမာရေးတို့အပေါ်တွင် တိုက်ရိုက်ထိခိုက်မှုဖြစ်ပေါ်စေပြီး စိုက်ပျိုးရေး၊ မွေးမြူရေး စသည့်လူမှုစီးပွားဘဝများကိုလည်း ဆိုးကျိုးများ သက်ရောက်စေသည်။ နိုင်ငံတော်အစိုးရသည် ရေရှားပါးသည့် ဒေသများတွင် သောက်သုံးရေရရှိရေးအတွက် စိမ့်စမ်းရေသွယ်တန်းပေးခြင်း၊ အဝီစိတွင်းများ တူးဖော်ပေးခြင်း၊ ဆည်တာတမံများဆောက်လုပ်၍ ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင် စီမံကိန်းများဆောင်ရွက်ပေးခြင်း၊ မြေအောက်ရေထိန်းတမံများ ဆောက်လုပ်ပေးခြင်း စသည်ဖြင့် ရေရရှိရေးနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။

ရေအရင်းအမြစ်များလျော့နည်းလာခြင်းက ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတို့ကိုအကြောင်းခံ၍ ဖြစ်ပေါ်လာရခြင်းဖြစ်ရာ သဘာဝသစ်တောများ စဉ်ဆက်မပြတ် ရှင်သန်တည်ရှိနေစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရေဝေရေလဲဒေသများ စိမ်းလန်းစိုပြည်စေရန် သစ်ပင်သစ်တောများ စိုက်ပျိုးပြုစုခြင်း၊ သဘာဝပတ်ဝန်းကျင်မပျက်စီးစေရန် ကာကွယ်ထိန်းသိမ်းခြင်း စသည့်နည်းလမ်းများဖြင့် ရေရှည်ပြန်လည်ကုစားကြရမည်ဖြစ်သည်။

ယခုနှစ်သည် ကမ္ဘာတစ်ဝန်းတွင် ပြင်းထန်သည့်အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မည့်အလားအလာများ မြင့်မားလျက်ရှိရာ မကြုံစဖူး ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ရေရှားခြင်း စသည့်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ကြရန်လိုသည်။ အထူးသဖြင့် သောက်သုံးရေနှင့် စိုက်ပျိုးရေတို့အတွက် ရေကိုစနစ်တကျ သုံးစွဲခြင်း၊ မိုးရေကို ရသမျှစုဆောင်းသိုလှောင်ခြင်း၊ မြေအောက်ရေကို လိုသလောက်သာထုတ်ယူခြင်း၊ စိုက်ပျိုးရေကို အစက်ချစနစ်၊ ရေပိုက်သွယ်တန်း အသုံးပြုသည့်စနစ်တို့ဖြင့် အကျိုးရှိစွာသုံးစွဲခြင်း စသည်ဖြင့် ရေကိုစနစ်တကျ စီမံခန့်ခွဲကြရမည်ဖြစ်သည်။ ပူပြင်းသည့်နွေကာလတွင် ဖြစ်ပေါ်လေ့ရှိသည့် ရေအခက်အခဲအပြင် အယ်လ်နီညို ရာသီဥတုအခြေအနေ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပူပြင်းခြောက်သွေ့မှုနှင့် မိုးနည်းရေရှားမှုတို့အတွက်ပါ ကြိုတင်ပြင်ဆင်ကြရာတွင် စုပေါင်းဆောင်ရွက်ကြရန်လိုသည်။

ရေသည် မရှိမဖြစ် အလွန်အရေးကြီးပြီး အဖိုးတန်သည့် သယံဇာတဖြစ်သော်လည်း လူအများက ပေါများသည်ဟု ထင်မြင်ယူဆခံရသည့် သဘာဝအရင်းအမြစ်ဖြစ်သည်။ ရေကိုအကျိုးရှိစွာ သုံးစွဲမှုမပြုဘဲ လေလွင့်ပြုန်းတီးစေခြင်း၊ မဆင်မခြင်သုံးစွဲခြင်းတို့ကိုရှောင်ကြဉ်ရန် လိုအပ်သည့်အပြင် နောင်လာမည့် အနာဂတ်သားစဉ်မြေးဆက်အထိ မတောင့်မတမကြောင့်မကြ သုံးစွဲနိုင်ကြစေရန် ရေအရင်းအမြစ်များကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ကြရမည်လည်းဖြစ်သည်။ တောတောင်ရေမြေ စိမ်းလန်းစိုပြည်စေရန် ပြန်လည်စိုက်ပျိုးဖန်တီးခြင်းဖြင့် ခန်းခြောက်သွားသည့် သဘာဝရေထွက်များ ပြန်လည်စီးဆင်းလာသည့် သာဓကများလည်းရှိပြီးဖြစ်ရာ သစ်ပင်သစ်တောများ ပြုစုပျိုးထောင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ခြင်းဖြင့် ရေချိုအရင်းအမြစ်များကို အနာဂတ်မျိုးဆက်များအတွက် ကောင်းသောအမွေပေးကြရပါမည့်အကြောင်း။ ။

Newspaper - 3533 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download