အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ရန်ကုန်-ဒွန်မောင်းလေဆိပ်မှတစ်ဆင့် စေလွှတ်မည့် အလုပ်သမားများအား တွေ့ဆုံမှာကြား
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ရန်ကုန်-ဒွန်မောင်းလေဆိပ်မှတစ်ဆင့် စေလွှတ်မည့် အလုပ်သမားများအား တွေ့ဆုံမှာကြား
Ministry of Labour/ ရန်ကုန်တိုင်းဒေသကြီး / April 29, 2026
နေပြည်တော် ဧပြီ ၂၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ထိုင်းနိုင်ငံ၊ ဒွန်မောင်းလေဆိပ်မှတစ်ဆင့် သွားရောက်မည့် အလုပ်သမားများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ဆုံ မှာကြားခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယနေ့သည် မြန်မာအလုပ်သမားဝန်ကြီးဌာနနှင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန (၂)ခု ပူးပေါင်းပြီး အလုပ်သမားများပိုမိုအဆင်ပြေအောင် ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများအနေဖြင့် မိမိကိုတာဝန်ယူစေလွှတ်သည့် ပြည်ပအလုပ်အကိုင် အေဂျင်စီ၏ အမည်နှင့် ဖုန်းနံပါတ်များ၊ သွားရောက်လုပ်ကိုင်မည့် စက်ရုံအမည်၊ လိပ်စာ၊ ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိများ၏ ဖုန်းနံပါတ်များ၊ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူများ၏ အမည်၊ ဖုန်းနံပါတ်များကို သိရှိအောင် ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ အလုပ်လုပ်ကိုင်ရာတွင် လုပ်ငန်းခွင်အတွင်း အခက်အခဲများ ရှိနိုင်မည်ဖြစ်ပြီး ၎င်းအခက်အခဲများကို ရင်ဆိုင်ကျော်လွှား နိုင်ရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းခွင် အတွင်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစည်းကမ်းရှိစွာ နေထိုင်လုပ်ကိုင် ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ လွှဲပို့ငွေများ ၂၅% နှင့် အခွန် ၂% အား လစဉ်လွှဲပြောင်းရေး ကြိုးစားဆောင်ရွက်ရန်နှင့် တရားဝင်လွှဲပို့နိုင်ရေး ဆောင်ရွက်ရန်လိုအပ် ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တရားဝင်လွှဲပို့ရာတွင် ပြင်ပငွေလဲလှယ်နှုန်းနှင့် ကွာခြားမှုမရှိစေ ရေးနှင့် ဘဏ်များသို့သွားရောက် ရန်မလိုအပ်ဘဲ လုပ်ငန်းခွင်မပျက် အလွယ်တကူလွှဲပို့နိုင်ရေး Remittance Management System (RMS) Application ရေးဆွဲဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ အလုပ်သမားများအနေဖြင့် မိမိတို့ဘဏ်ကတ်များကို အလုပ်ရှင်ထံ အပ်နှံထားခြင်း မပြုဘဲ ကိုယ်တိုင်ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ Online လောင်းကစားသူများက မိမိတို့ ဘဏ်အကောင့်များကို အသုံးချပြီးဆောင်ရွက်မှုမပြုနိုင်ရေး ဂရုပြုဆောင်ရွက်သွားရန်လို ကြောင်း ပြောကြားခဲ့ပါသည်။
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ၊ ဒွန်မောင်း လေဆိပ်သို့ အလုပ်သမား ကျား ၁၉၇ ဦး၊ မ ၆၅ ဦး၊ စုစုပေါင်း ၂၆၂ ဦး စေလွှတ်ခဲ့ရာ ဒွန်မောင်းလေဆိပ်သို့ ရောက်ရှိချိန်တွင် ထိုင်းနိုင်ငံလေဆိပ်တာဝန်ရှိသူများ၊ ထိုင်းအလုပ်အကိုင် ဌာန(DOE)မှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ အလုပ်သမားသံမှူး ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင် နှင့်တာဝန်ရှိသူများက အဆိုပါအလုပ်သမားများကို လှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး ဆေးစစ်မှု ဆောင်ရွက်ခြင်း၊ ဗီဇာကိစ္စနှင့် Work Permit ဆိုင်ရာ ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းခွင် အသိ ပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းခွင်သို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper - 3510 items
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် ၊ ဧပြီ ၂၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
