အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Ministry of Information/ Naypyitaw / July 19, 2025
နေပြည်တော် ဇူလိုင် ၁၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းပရိဝုဏ်အတွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ကြည့်ရှုအားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ရေတမာပင်များကို စတင်စိုက်ပျိုးကြပြီး အရာထမ်း၊ အမှုထမ်းများက သတ်မှတ်နေရာများ၌ ရေတမာနှင့် ကျွန်းပင်စုစုပေါင်း ၅၁၃ ပင်အား အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဝန်ကြီးဌာနအနေဖြင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန (ရုံးချုပ်) အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနများ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများအတွင်းရှိ အားကစားကွင်း၊ အားကစားရုံများ၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်ပင်၊ အရိပ်ရလေကာပင် များနှင့် သီးပင်စားပင် အမျိုးအစားပေါင်း ၅၄ မျိုး ပျိုးပင်ပေါင်း ၅၂၆၅ ပင်ကို တစ်ချိန်တည်း တစ်ပြိုင် တည်း မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် ဆင်နွှဲစိုက်ပျိုးခဲ့ကြသည်။
သစ်ပင်စိုက်ပျိုးပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဘေးဒဏ်သင့် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ် (၁) နှင့် (၃) တို့ရှိ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်များ ပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေကို လှည့်လည်ကြည့်ရှုပြီး အားကစားကွင်း စိမ်းလန်းစိုပြည်စေရေးနှင့် ပွဲကြည့်စင် ရေရှည်တည်တံ့စေရေးတို့အတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် မှာကြားသည်။
ထို့နောက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများ၏ နေထိုင်၊ စားသောက်၊ လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အားကစားသမားတစ်ဦးချင်းစီအတွက် တစ်နေ့တာလိုအပ်သည့် ကစီဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်များကို သတ်မှတ်ကယ်လိုရီပမာဏအတိုင်း အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်မျှတအောင် သန့်ရှင်းလတ်ဆတ်သည့် အသီးအရွက်များနှင့် အသားငါးများကို ချက်ပြုတ်ကျွေးမွေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
