ဥတ္တရသီရိမြို့နယ်၌ အများပြည်သူ၏ ဘာသာရေးယုံကြည်မှုစိတ်ကို စော်ကားရန်၊ သာသနာအား ညှိုးနွမ်းစေရန်နှင့် အမြင်မတင့်တယ်စေရန် ပြုလုပ်ခဲ့သူ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ဖမ်းဆီးအရေးယူ


Ministry of Information/ Naypyitaw / December 14, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၃

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်၌ ဒီဇင်ဘာ ၁၁ ရက်က သာသနာအား ညှိုးနွမ်းစေရန်နှင့် အများပြည်သူအမြင်မတင့်တယ်စေရန် ပြုလုပ်ခဲ့သူ အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိ မြို့နယ် ဇလောင်းကျေးရွာ၌ ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ “အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့က တီးခတ်ကပြဖျော်ဖြေခဲ့ရာ ဒီဇင်ဘာ ၆ ရက် ညပိုင်းက တီးမှုတ်ကပြဖျော်ဖြေမှုတွင် ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင် သီချင်းတီးလုံးတို့အား ပေါင်းစပ်သရုပ်ဖော်၍ ဆိုင်းဆရာအဖြစ် စိုးသိန်း (ခ) အောင်စိုးမင်းက တီးခတ်ခဲ့ပြီး လူရွှင်တော်ဖြစ်သူ စိုးမင်းဦးက သင်္ကန်းဝတ်ဆင် သရုပ်ဖော်ပြီး ကိုရီးယားသီချင်းတီးလုံးဖြင့် သင်္ကန်းအားချွတ်ကာ အများပြည်သူအမြင်မတင့်တယ်သည့် ညစ်ညမ်းသောအပြုအမူဖြင့် အင်္ကျီမပါ ပုဆိုးခါးတောင်းကျိုက်ပြီး သရုပ်ပျက်ကပြရာတွင် ထက်လင်းဦး (ခ) မျက်ပြူး၊ ကိုဖြိုး (ခ) ဝေဖြိုးထက်နှင့် နန်းဝတီတို့က ပါဝင်သရုပ်ဖော်ကပြခဲ့ကြကြောင်း သိရှိရသဖြင့် ပြစ်မှုကျူးလွန်သူများအား အရေးယူနိုင်ရေးအတွက် တောင်ညိုနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ ၂၉၅-က ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့သည်။

အမှုမှ ပြစ်မှုကျူးလွန်သူများ အား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်နေသူများဖြစ်ကြသည့် “အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့မှ ဆိုင်းဆရာဖြစ်သူ စိုးသိန်း (ခ) အောင်စိုးမင်း (၅၈) နှစ်၊ သင်္ကန်းဝတ်ဆင်၍ သရုပ်ပျက်ကပြခဲ့သည့် လူရွှင်တော်ဖြစ်သူ စိုးမင်းဦး (၄၂) နှစ်၊ ပါဝင်ကပြဖျော်ဖြေခဲ့သူ နန်းဝတီ (၁၆) နှစ်၊ ကျွဲရှင်းကျေးရွာနေ ကိုဖြိုး (ခ) ဝေဖြိုးထက် (၃၉) နှစ်တို့ လေးဦးအား ယင်းနေ့ ည ၁၀ နာရီ မိနစ် ၅၀တွင်လည်းကောင်း၊ လယ်ဝေးမြို့နယ် ကြောင်ရေကျေးရွာနေ ထက်လင်းဦး (ခ) မျက်ပြူး (၂၈)နှစ်အား ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင်လည်းကောင်း ၎င်းတို့၏နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့သည်။

အထက်ပါဖြစ်စဉ်မှ အများပြည်သူ၏ ဘာသာရေးယုံကြည်မှု စိတ်ကို စော်ကားရန်၊ သာသနာအား ညှိုးနွမ်းစေရန်နှင့် အများပြည်သူအမြင်မတင့်တယ်စေရန် တီးမှုတ်ကပြဖျော်ဖြေခဲ့သူများဖြစ်သည့် စိုးသိန်း (ခ) အောင်စိုးမင်း ပါ ငါးဦးတို့အား တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3458 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 28, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download