ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးပွဲကျင်းပ
ဥပဒေအသိပညာပြန့်ပွားရေး ဆွေးနွေးပွဲကျင်းပ
Ministry of Information/ Naypyitaw / March 27, 2025
နေပြည်တော် မတ် ၂၆
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေးဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်း ၁၅၀ တက်ရောက်ကြသည်။
သိရှိလိုက်နာရန်လို
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဥပဒေကို နိုင်ငံသားတိုင်း သိရှိလိုက်နာရန်လိုအပ်ပြီး ဝန်ထမ်းများသည်လည်း မိမိတို့ဌာန၏ ဥပဒေ၊ နည်းဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများကို နားလည်တတ်ကျွမ်း လေးစားလိုက်နာရန် လိုအပ်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက ကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို သိရှိလိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်စေရေး ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
မေးမြန်းဆွေးနွေး
ထို့နောက် တာဝန်ရှိသူများက စာချုပ်စာတမ်းများ စိစစ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေများ၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများ၊ ရုပ်ရှင်ဥပဒေ၊ နည်းဥပဒေများ၊ ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေ၊ ဗီဒီယိုလုပ်ငန်းဆိုင်ရာနည်းဥပဒေများ၊ စာကြည့်တိုက်၊ ပြတိုက်နှင့်ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေးဥပဒေနှင့် နည်းဥပဒေများနှင့်စပ်လျဉ်း၍ ဆွေးနွေးရှင်းလင်းကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
သတင်းစဉ်
Newspaper - 3412 items
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
