ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Ayeyarwaddy Region Government/ ပုသိမ် / August 09, 2024
ပုသိမ် ဩဂုတ် ၈
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်းကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး နိုင်ငံသားကတ်ပြားကိုင်ဆောင်မဲပေးခွင့်ရရှိရေးအတွက် ပန်းခင်းစီမံချက်များဖြင့် ဆောင်ရွက်ခဲ့ရာ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ပန်းခင်းစီမံချက် ၁ နှင့် ၂ တို့ကို သတ်မှတ်ကာလအတွင်း လျာထားချက် ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ပြီး ပန်းခင်းစီမံချက် ၃ ကိုလည်း သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးစေရေး တွန်းအားပေးဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းမှရရှိတဲ့စာရင်းအင်းအချက်အလက်များကို e-ID Server အတွင်းမှ အချက်အလက်များနှင့် တိုက်ဆိုင်၊ ပြင်ဆင်၊ ဖြည့်စွက် အတည်ပြုခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပြီး စာရင်းများ မှန်ကန်ပြည့်စုံစေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုပါကြောင်း၊ လာမည့်ရွေးကောက်ပွဲပြုလုပ်ရာတွင် အခြေခံမဲဆန္ဒရှင်စာရင်း မူကြမ်းများ မှန်ကန်စေရေး အသက် ၁၈ နှစ်အထက် လူဦးရေစာရင်းများကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုပြီး ဗဟိုမြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီသို့ပေးပို့လျက်ရှိရာ စာရင်းများ မှန်ကန်စေရေးနှင့် အချိန်မီပေးပို့နိုင်ရေး သက်ဆိုင်ရာကော်မတီအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်ကြရန် လိုပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ၂၀၂၄ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးတွင် ကောက်ယူသွားမည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များတွင် အကျိုးရှိရှိ လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် အသိပညာပေးဟောပြောပွဲများ၊ လမ်းကမ်း စာစောင်များ ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ရန်၊ သန်းခေါင်စာရင်းသင်တန်းများသတ်မှတ်ကာလအတွင်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုပါကြောင်းနှင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်” အမှာစကားပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပန်းခင်းစီမံချက် အဆင့် (၁/၂) ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ပန်းခင်းစီမံချက် အဆင့် (၃) ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ e-ID Server အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေ၊ e-ID စနစ်ဖြင့် Biometric ကောက်ယူပြီးစီးမှု၊ မဲစာရင်း မှန်ကန်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် အဆင့်ဆင့်ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ခရိုင်အုပ်ချုပ်ရေးမှူးများက ပန်းခင်း စီမံချက်အဆင့်(၁၊ ၂၊ ၃)ဆောင်ရွက်ပြီးစီးမှုများ၊ e-ID Server အတွင်း ပြင်ဆင်၊ ဖြည့်စွက်ပြီးစီးမှု၊ မြေပြင်ကွင်းဆင်း ကောက်ယူမှုအခြေအနေများ၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားကာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းနှင့် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Newspaper - 3498 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
