ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် ၂ဝ၂၅- ၂ဝ၂၆ ဘ ဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ


Ayeyarwaddy Region Government/ ပုသိမ် / December 09, 2025


ပုသိမ် ဒီဇင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာ မြသိန်းတန်စေတီတော်မြတ်ကြီး၏ ပရ၀ဏ်အတွင်းရှိ အာရုံခံတန်ဆောင်းတွင်ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြသိန်းတန်စေတီတော်မြတ်ကြီး၏ ပရ၀ဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ညိုကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ “ တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေး၊ ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေပါကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိသည်နှင့်အညီ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများသည်လည်း ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးမွေးမြူရေးကို အထောက်အကူပြုမည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်ရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင်များ ပိုမိုမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ တက္ကသိုလ်ဝင်စာမေးအောင်ချက်မြင့်မားရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံကိုလည်း (၂၅)ကုတင်ဆံ့မှ ကုတင်(၅၀)ဆံ့ဆေးရုံသို့ အဆင့်မြှင့်တင်ပြီးဖြစ်၍ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ပိုမိုဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ အားကစားကဏ္ဍတွင်လည်း အားကစားရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ဧကများပြည့်မီရေး ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးနေသည့် တောင်သူကြီးများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လမ်းများကောင်းမွန်ရေးအတွက် ဘဏ္ဍာနှစ်အလိုက်လျာထား၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာစသည့်ဆီထွက်သီးနှံများအပြင် ပဲပုပ်-ပဲကြီး ရောနှော ဧက(၁)သိန်းကိုလည်း တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများကလည်း ဒေသ၏လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တောင်သူများ၊ ဒေသခံပြည်သူများ၊ဆရာ၊ ဆရာမများက ပညာရေး၊ ကျန်းမာ‌ရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများအား မျိုးစေ့ချကိရိယာ( Drum Seeder)၊ နွေစပါးမျိုးစေ့၊ နေကြာမျိုးစေ့နှင့် ပဲပုပ်မျိုးစေ့များပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုန်းပြင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများကို နိုင်ငံတော်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ လူတစ်ဦးကို တစ်လလျှင် (၂)သောင်းနှုန်းဖြင့်ထောက်ပံ့ပေးအပ်လျက်ရှိပါကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများတွင် အခြားသောတိုင်းဒေသကြီးနှင့်ပြည်နယ်မှ လာရောက်သူများရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီး မှပြည်သူများလည်းပါဝင်ပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ်‌ ကြေညာကပ်ထား ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီးးတိုင်း မဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးလျက်ရှိပါကြောင်း၊ မဲပေးခွင့် အခွင့်အရေးများဆုံးရှံးမှုမရှိစေရေးအတွက် မဲစာရင်းတွင် ပါဝင်ခြင်းရှိမရှိ သွားရောက်ကြည့်ရှုရန် လိုပါကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ပူးပေါင်းဆောင်ရွက်ပေးရန်လိုပါကြောင်း”ပြောကြားခဲ့ပြီး အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီများထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသသကြီးဝန်ကြီးချုပ်သည် ကုန်းပြင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၊ Grade-12 သင် ဆရာ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ၍ “တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဆွေးနွေးပွဲများပြုလုပ်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်၍ သိပ္ပံဘာတွဲတွင်အမှတ်(၃၅၀)နှင့်အထက် ရရှိသူများလျှောက်ထားနိုင်ပါကြောင်း၊ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ထူးချွန်ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား အဆင့်မြင့်ပညာများအား ဘွဲ့ရသည်အထိ ဆက်လက်သင်ကြားနိုင်ရေးအတွက် ဦးဋ္ဌေးမြင့်ပညာသင်ဆုကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ သိပ္ပံဘာသာတွဲတွင်လည်း နိုင်ငံတော်အဆင့် ထူးချွန်ကျောင်းသားများ ပေါ်ထွက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်လိုပါကြောင်း” ပြောကြားသည်။ ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းသား၊ ကျောင်းသူများအားနည်းသည့် ဘာသာရပ်များအလိုက်ထိရောက်စွာ သင်ကြားပေးနိုင်ရေးကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကာ ကုန်းပြင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းဝန်း၌ ၁၄၀ပေ×၃၀ပေRCC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာ၊ တောင်သူဦးနိုင်ဝင်းဆွေ၏ စိုက်ဧက(၅)ဧကတွင် ပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ နေကြာမျိုးစေ့ချစိုက်ပွဲသို့တက်ရောက်၍ Suryakiran(အိန္ဒိယနေကြာစပ်မျိုး) စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး နေကြာစိုက်ပျိုးရာတွင် ထယ်ရေးနက်နက် ထွန်ရေးညက်ညက်ဆောင်ရွက်ရန်၊ စိုက်ခင်းများသို့ ပိုးမွှားများမကျရောက်စေရေး ကြိုတင်ကာကွယ်ဆောင်ရွက်ကြရန်နှင့် ရေပေးခြင်း၊ မြေသြဇာကျွေးခြင်းလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်စေရေးတို့အား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့သစ်ရပ်ကွက်၊ ရွှေရေးဆောင်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် သာသနဇယကေတုသိမ်တော်ကြီးတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် လူ့စွမ်းအားအရင်းအမြစ်များ ပေါကြွယ်ဝပြီး အခြေခံပညာကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုအများဆုံးတိုင်းဒေသကြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ကို မအူပင်မြို့တွင် ဖွင့်လှစ်ပြီးဖြစ်၍ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးကို အထောက်အကူပြုမည့် ပညာရှင်များမွေးထုတ်ပေးနိုင်တော့မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးက ထွက်ရှိသည့် စပါးခွံများကိုလည်း စပါးခွံ လောင်စာသုံး Gasifier စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြန်အောင်ခရိုင်အတွင်းရှိ ကညင်ရေလှောင်တမံမှ (၁၀.၅) မဂ္ဂါဝပ် ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် စသည့်ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ ပီလောပီနံ စိုက်ပျိုးရေးနှင့်ပတ်သက်၍ ကျုံပျော်ခရိုင်ကိုအခြေခံ၍ ပီလောပီနံ စိုက်ပျိုးရေးတွင် ဦးဆောင်တိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း” ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ကွင်းသာကျေးရွာ အုပ်စု၊ ရုံးတုံးအရှေ့စုကျေးရွာနှင့် ရေကြည်မြို့နယ်၊ ကျွဲတလင်းကျေးရွာ အုပ်စု၊ ဆင်ကုန်းကျေးရွာနှင့် တောစုကျေးရွာတို့တွင် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်များကူးခဲ့သည်။ ယင်းနောက် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ကာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးအားစနစ်တကျသုံးစွဲစေရေးမှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဆင်ကုန်းကျေးရွာကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ တင်ပြလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူါန်းခဲ့ပြီးနောက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ “ ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲနှင့်အတူ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကိစ္စများတွေ့ဆုံဆွေးနွေးလို၍ ဖြစ်ပါကြောင်း၊ တောင်သူများ၏ လယ်ယာမြေများတွင် မြေဆီလွှာပျက်စီးမှုကို ပြန်လည်ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)များကို ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းတွင် ထည့်သွင်းစိုက်ပျိုးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာအပြင် ပဲပုပ်များကိုလည်း တိုးချဲ့စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ နှစ်စဉ် စပါးခွံမက်ထရစ်တန်ချိန် ၁၈သိန်းခန့်ထွက်ရှိပြီး စပါးခွံလောင်စာသုံး Gasifier စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း” ပြောကြားသည်။ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ဘုရားငူကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၊ သရက်အုပ်ကျေးရွာ၊ တောင်စုကျေးရွာနှင့် ဘုရားငူကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ကာ ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာများနှင့် လျှပ်စစ်မီးသုံးစွဲနေမှု အခြေအနေ များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ဘုရားငူကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့သွားရောက်၍ Grade-12 သင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများဖြင့်နှင့်တွေ့ဆုံခဲ့ကာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ကိစ္စရပ်များဆွေးနွေးပြောကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးမှထွက်ရှိသည့် အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပြည်ပသို့တင်ပို့နိုင်ရေး Export Zone အတွင်း ထည့်သွင်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာတွင် ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းအား အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး ပေါ်ဆန်းအရည်အသွေး ကောင်းမွန်ရေးနှင့် ဈေးကွက်ရရှိအောင်လည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ဧရာဝတီပေါ်ဆန်းတစ်ခေတ်ဆန်းအောင် ပေါ်ဆန်းဖိုရမ်နှင့် ပေါ်ဆန်းပြိုင်ပွဲကိုပြုလုပ် ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ လမ်းများကောင်းမွန်ရေး လျှပ်စစ်မီးရရှိရေးအတွက်လည်း ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အားကစားကဏ္ဍတွင်လည်း အားကစားရုံများပြုပြင်တည်ဆောက်ခြင်း၊ အားကစားကွင်းများ အဆင့်မြှင့်တင်တည်ဆောက်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ဧကများပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း” ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

Newspaper - 3374 items

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download