ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားတက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / May 06, 2026


ပုသိမ် မေ ၅

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးသိန်းထွန်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က " ယနေ့သည် တိုင်းရင်းသားလုပ်သား ပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အမျိုးမျိုးကနေ ကာကွယ်စောင့်ရှောက်ပေးသော အရေးပါသည့်အဖွဲ့အစည်းတစ်ရပ်၏ သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏နှစ်(၈၀)ပြည့်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ပဲ ဖြစ်ပါကြောင်း၊ မီးဘေးအန္တရာယ် ဆိုသည်မှာ အချိန်မရွေး၊ နေရာမရွေး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်တစ်ရပ်ဖြစ်ပြီး ယနေ့ ခေတ်တွင်မြို့ပြ၏ လူမှုစီးပွားတိုးတက်မှုများ၊ စက်မှုလုပ်ငန်းများ တိုးတက်များပြား လာခြင်းနှင့် အတူ မီးဘေးအန္တရာယ်များလည်း ပိုမိုရှုပ်ထွေးလာပါကြောင်း၊ ထို့အပြင် သဘာဝဘေး အန္တရာယ်အမျိုးမျိုးကလည်း ရှိနေပါကြောင်း၊ ထို့ကြောင့် မီးသတ်တပ်ဖွဲ့၏ တာဝန်ဝတ္တရား များတွင် မီးငြှိမ်းသတ်ခြင်း လုပ်ငန်းတစ်ခုသာမက သဘာဝဘေးန္တရာယ်ဖြစ်စဉ် အမျိုးမျိုးတို့တွင် ဘေးဒုက္ခကျရောက်သူတိုင်းကို ကူညီကယ်ဆယ်ပေးရမည့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများ အထိပါ ပိုမိုကျယ်ပြန့်လာပြီဖြစ်ပါကြောင်း၊ ယနေ့အခမ်းအနားသည် မီးသတ်တပ်ဖွဲ့ဝင်များ၏ အတိတ်ကအောင်မြင်မှုများကို ပြန်လည်သတိရစေသည့်အပြင် အနာဂတ်အတွက် ဆက်လက် တိုးတက်ရာတိုးတက်ကြောင်း လမ်းကြောင်းများကိုပြသနေသည့် အခမ်းအနားတစ်ခုဟူ၍ ဆိုရမည်ဖြစ်ပါကြောင်း၊ အနာဂတ်မီးသတ်တပ်ဖွဲ့ဟာဆိုရင် ပိုမိုခိုင်မာအားကောင်းသော ဖွဲ့စည်းပုံ၊ ပိုမိုမြင့်မားသော စွမ်းဆောင်ရည်များနှင့် နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ်ဆက်လက်ရပ်တည်သွားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မီးသတ် တပ်ဖွဲ့ဝင်များအားလုံးသည် စည်းကမ်းတကျနှင့် လေ့ကျင့်မှုမပြတ်တည်ဆောက်ရမည် ဖြစ်ပါ ကြောင်း၊ တစ်ဦးချင်းအနေဖြင့်လည်း ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက် ကြရန်နှင့် ပြည်သူ့ဝန်ထမ်ကောင်းများအဖြစ် တာဝန်သိစိတ်မြင့်မားစွာ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရန်”အမှာစကားပြောကြားသည်။

ထို့နောက် လူမှုထူးချွန် (တတိယ)အဆင့်နှင့် လူမှုရေးဆိုင်ရာထူးချွန်မှုဂုဏ်ထူးဆောင်ဆု၊ လူမှုရေးဆိုင်ရာထူးချွန်မှုဂုဏ်ထူးဆောင်ဆုရရှိသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ စံပြမီးသတ်စခန်းဆု၊ တိုင်းဒေသကြီး(အရာရှိအဆင့်)ကျင့်ဝတ်ဆုရရှိသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ တိုင်းဒေသကြီး (တပ်သားအဆင့်) ကျင့်ဝတ်ဆု၊ ဌာနတွင်းသင်တန်းထူးချွန်ဆုရရှိသည့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုအနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးတို့ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး နှစ်(၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်ဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့် ခေတ်မီ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းကိရိယာ များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။

Newspaper - 3517 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download