၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့တက်ရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြုလူငယ်အဖွဲ့အားတွေ့ဆုံ


Ayeyarwaddy Region Government/ ပုသိမ် / August 09, 2024


ပုသိမ် ဩဂုတ် ၈

၂၀၂၄ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပြည်နယ်နှင့်တိုင်းဒေသကြီး  ဖူဆယ်ဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအား အဆင့်ဆင့်ပြိုင်ပွဲများကျင်းပ၍ ယှဉ်ပြိုင်လူရွေးချယ်ခြင်းနှင့် နည်းစနစ်တကျစခန်းသွင်း လေ့ကျင့်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးဖူဆယ်ဘောလုံး အားကစားနည်းအနေဖြင့် ဆုတံဆိပ်ရရှိသည့် အစဉ်အလာကောင်းများလည်းရှိခဲ့ပါကြောင်း၊ အားကစားသမားများအနေဖြင့် ကျန်းမာရေးအား အထူးဂရုပြုနေထိုင်ရန်၊ ပြိုင်ပွဲတွင်ကြိုးစားယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်သည့် အားကစားသမားများ ဖြစ်ကြပါစေကြောင်း” အားပေး အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည့် တိုင်းဒေသကြီးကိုယ်စားပြုလူငယ်အဖွဲ့အား တွေ့ဆုံပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်အုပ်ချုပ်သူနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ လူမှုရေးရာဝန်ကြီးက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်မည့်  အစီအစဉ်များအားများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ လူငယ်များသည် နိုင်ငံတော်၏အနာဂတ်များဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန် အခြေခံပညာမှစတင်၍ လေ့ကျင့်ပြုစုပျိုးထောင်ပေးလျက်ရှိပါ ကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြုလူငယ်အဖွဲ့သည် လူငယ်များ၏အခန်းကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည့်သူများဖြစ်၍ မိမိတို့၏ကျရာကဏ္ဍတွင် ထဲထဲဝင်ဝင် ပါဝင်ဆွေးနွေးနိုင်ရန်နှင့် ဒေသအသီးသီးမှလာရောက်သည့် လူငယ်ကိုယ်စားလှယ်အဖွဲ့များနှင့်တွေ့ဆုံစဉ် မိမိတို့တိုင်းဒေသကြီး၏ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း အမြင်ခြင်းဖလှယ် ဆွေးနွေးကြစေလိုကြောင်း” အမှာစကားများပြောကြားပြီး ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

Newspaper - 3488 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download