၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သည့် (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ ကမ္ဘောဒီးယား-လာအို- မြန်မာ-ဗီယက်နမ် အစားအစာပြပွဲ၊ ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်


Ministry of Hotel & Tourism/ နေပြည်တော် / December 17, 2025


နေပြည်တော်၊ ဒီဇင်ဘာလ (၁၆)ရက်

(၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေး၊ အစားအစာပြပွဲ နှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းလွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲ များအား ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ် ခဲ့ရာ မြန်မာနိုင်ငံမှ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ ပါသည်။

၁၄-၁၂-၂၀၂၅ ရက်နေ့တွင် (၄)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေးကို Sokha Phnom Penh Hotel and Residence ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဦးမောင်မောင်ကျော်နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေး မှူးချုပ် Dr. Chuk Chumno တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံမှ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနနှင့်ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကခရီးသွားလုပ်ငန်းအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်တက် ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် သက်ဆိုင်ရာနိုင်ငံအလိုက် ခရီးသွားဧည့်သည်ဝင်ရောက်မှုများ အပါအဝင် ခရီးသွားလုပ်ငန်းဆိုင်ရာသတင်းအချက်များ၊ မူဝါဒများနှင့် မဟာဗျူဟာများ အပြန် အလှန် ဖလှယ်ခြင်း၊ ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစီမံကိန်း ၂၀၂၆-၂၀၂၇ ရေးဆွဲညှိနှိုင်းခြင်း၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးနိုင်မည့်အခြေအနေများအား ညှိနှိုင်းဆွေးနွေးခြင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့များအချင်းချင်း နားလည်မှုစာချွန်လွှာများ ရေးထိုး ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အဆိုပြု ရှေ့လုပ်ငန်းစဉ်များနှင့် အဆိုပါပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များတွင် ပုဂ္ဂလိကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

၁၅-၁၂-၂၀၂၅ ရက်နေ့တွင် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် အစားအစာပြပွဲနှင့် ကုန်းလမ်းနှင့် နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း လွယ်ကူချောမွေ့စေရေးဆိုင်ရာဆွေးနွေးပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Mr. HOUT Hak ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ပြန်ကြားရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Ms. Suanesavanh Vignaket ၊ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်၊ ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး Ms. Tran Thi Phuong နှင့် အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အစိုးရ၊ ပုဂ္ဂလိက ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ခဲ့ကြပါသည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် နိုင်ငံအလိုက် ခင်းကျင်းပြသထားသည့် အထင်ကရ အစားအစာများ၊ အမှတ်တရ လက်ဆောင်ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ အဆိုပါအစားအစားပြပွဲသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ ဦးဆောင်၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင် များအသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းများမှ မြန်မာ့အစားအစာများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပါဝင်ပြသခဲ့ပါသည်။

၎င်းနောက် ကုန်းလမ်းနှင့်နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်း လွယ်ကူချောမွေ့စေရေးဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ်အဖွဲ့ဝင်နိုင်ငံများ အကြား နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းများဆောင်ရွက်နေမှုများ၊ ကုန်းလမ်းနှင့် နယ်စပ်ဖြတ် ကျော်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ စိန်ခေါ်မှုနှင့် အခွင့် အလမ်းများအား အပြန်အလှန်ဖလှယ်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲသို့ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပြီး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခရီးသွားလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ပါဝင် ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံမှ မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ်-၂၀၂၆နှင့်ဆက်စပ်အစည်းအဝေးများအား ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါဖိုရမ်ကာလအတွင်း (၅)ကြိမ်မြောက် ကမ္ဘောဒီးယား-မြန်မာ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းအဝေးအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Newspaper - 3470 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download