၂၈-၃-၂၀၂၅ တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်)တို့၌ ထိခိုက်ပျက်စီးခဲ့မှုများအား ရှင်းလင်းဖယ်ရှားခြင်းနှင့် ဆယ်တင်ပစ္စည်းများ ထုတ်ပိုးနေမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ သွားရောက်ကြည့်ရှုအားပေး
၂၈-၃-၂၀၂၅ တွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်၊ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)နှင့် အမျိုးသားပြတိုက်(နေပြည်တော်)တို့၌ ထိခိုက်ပျက်စီးခဲ့မှုများအား ရှင်းလင်းဖယ်ရှားခြင်းနှင့် ဆယ်တင်ပစ္စည်းများ ထုတ်ပိုးနေမှုများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ သွားရောက်ကြည့်ရှုအားပေး
Government Organizations/ Nay Pyi Taw / April 28, 2025
၂၈-၃-၂၀၂၅ တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော် ရင်ပြင်တော်ကျောက်ပြားများ၊ အတွင်းလိုဏ်နံရံကွာကျအင်္ဂတေများ၊ ဆုတောင်းပြည့် ဘုရား ဂန္ဓကုဋီကျောင်းဆောင်တို့အား တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ အရာခံများ၊ တပ်မတော်သား အင်အား ၁၀၀၀ ဦးတို့က ရှင်းလင်းဖယ်ရှားနေမှုများ၊ လက်ကိုင်ကျောက်ပြားခွာစက်များဖြင့် ကျောက်ပြား များ ခွာနေမှုများကို ယနေ့နံနက် ၀၈ ၃၀ အချိန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးပါသည်။
တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ အရာခံများ၊ တပ်မတော်သား အင်အား ၁၀၀၀ ဦး တို့သည် ဥပ္ပါတသန္တိစေတီတော် ရင်ပြင်တော်ရှိ ထိခိုက်ပျက်စီးသွားသော နေပူခံကျောက်ပြားများအား ရှင်းလင်းဖယ်ရှားခြင်း၊ ပြန်လည်ဆယ်တင်အသုံးပြုနိုင်သော နေပူခံကျောက်ပြားများအား အလယ်ပစ္စယံတွင် စနစ်တကျစုပုံခြင်း၊ ပြန်လည်အသုံးပြု၍ မရနိုင်သည့် ကျောက်ပြားများအား သီးခြားစီ စနစ်တကျ ထားရှိခြင်းတို့ကို ကုသိုလ်ယူဆောင်ရွက်ကြပါသည်။ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် (၁) ဦးထွန်းထွန်းက အဆိုပါလုပ်အားပေး တပ်မတော်သားများအား ရေသန့်ဗူး ၂၀၀ ကတ်နှင့် စားသောက် ဖွယ်ရာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အမျိုးသား စာကြည့်တိုက်(နေပြည်တော်) (A)ဆောင်၊ (B)ဆောင်၊ (C)ဆောင်မှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှု များကို ဖယ်ရှားရှင်းလင်းခြင်း၊ ပစ္စည်းများ စုပုံခြင်း၊ စာအုပ်စင်များ ပြန်လည်တည့်မတ်ခြင်း၊ Hydraulic Crane ဖြင့် တည့်မတ်ခြင်း၊ ဆယ်တင်ပစ္စည်းများ ထုတ်ပိုးခြင်းတို့ ဆောင်ရွက်နေသော တပ်မတော်သား ၂၀၀ ဦးအား သွားရောက်ကြည့်ရှုအားပေးပါသည်။
၂
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အမျိုးသား ပြတိုက်(နေပြည်တော်)တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော (A)ဆောင်၊ (B)ဆောင်၊ (C)ဆောင်၊ (D)ဆောင်တို့၌ ပျက်စီးမှုများကို တပ်မတော်သား ၁၀၀ ဦးတို့က ရှင်းလင်းနေမှုများ၊ ဆယ်တင်ပစ္စည်း များအား ထုတ်ပိုးခြင်း၊ ရွှေ့ပြောင်းနေရာချထားခြင်းတို့အား ကြည့်ရှုအားပေးပြီး ရေသန့်ဗူးများ၊ အချို ရည်ဗူးများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper - 3500 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
