“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025 တတိယနေ့ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / March 27, 2025
image_latest


နေပြည်တော် မတ် ၂၆

“တွေ့ဆုံဆွေးနွေးမှုများမှ ငြိမ်းချမ်းသော နိုင်ငံတော်သစ်ဆီသို့” ဆောင်ပုဒ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်း - Peace Talk 2025 တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။

ငြိမ်းချမ်းရေးစကားဝိုင်းသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ တပ်မတော်အငြိမ်းစားအရာရှိကြီးများ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၊ ပါဝင်သင့်ပါဝင်ထိုက်သူ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ မီဒီယာများ၊ ပြည်ထောင်စုဝန်ကြီးဌာန အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ကြသည်။

စကားဝိုင်းဆွေးနွေးပွဲ ပထမပိုင်း “နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ”တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဆောင်ရွက်ပြီး “ရွေးကောက်ပွဲ၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး” ခေါင်းစဉ်ဖြင့် ဒေါက်တာအောင်မြတ်ဦးနှင့် ဒေါက်တာအေးမောင်တို့က ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်း မေးမြန်းခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်၍ “စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ” တွင် သဘာပတိအဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း) က ဆောင်ရွက်ပြီး “ရွေးကောက်ပွဲ၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး” ခေါင်းစဉ်ဖြင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး (ငြိမ်း) နှင့် ဦးကိုကိုကြီးတို့က ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာကြသူများက အမြင်သဘောထားများ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် စကားဝိုင်းဆွေးနွေးခြင်း၊ စကားဝိုင်းအလိုက်ရရှိလာသည့် သဘောထားများကို တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အကြံပြုခြင်း၊ ဆွေးနွေးမေးမြန်းခြင်းနှင့် မေးမြန်းချက်များအပေါ် Speaker က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် ပိတ်ပွဲအခမ်းအနားကိုကျင်းပရာ နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍဆိုင်ရာ ဆွေးနွေးချက်အကြောင်းအရာများအပေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (အငြိမ်းစား) က ပြန်လည်သုံးသပ်ဆွေးနွေးသည်။ ယင်းနောက် စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုင်ရာ ဆွေးနွေးချက်အကြောင်းအရာများအပေါ် စီးပွားရေးသုတေသီ ဒေါက်တာဇော်ဦးက ပြန်လည်သုံးသပ်ဆွေးနွေးသည်။

ဆက်လက်၍ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍနှင့်စပ်လျဉ်း၍ သုံးရက်တာ ဆွေးနွေးပွဲရလဒ်များကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် (ငြိမ်း) က စီးပွားရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ သုံးရက်တာ ဆွေးနွေးပွဲရလဒ်များကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး မှတ်တမ်းတင်သည်။

ထို့နောက် စကားဝိုင်းဆွေးနွေးပွဲအဖွဲ့ (၁) ကိုယ်စား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (ကရင်ပြည်နယ်) ဒုတိယဥက္ကဋ္ဌ (၂) နန်းစေအွာနှင့် အဖွဲ့ (၂) ကိုယ်စား ကရင်အမျိုးသားအစည်းအရုံး / ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးတို့က ကျေးဇူးတင်စကားများ ပြောကြားသည်။

ယင်းနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် သုံးရက်တာ ငြိမ်းချမ်းရေးစကားဝိုင်းမှရရှိခဲ့သည့် သုံးသပ်ဖော်ထုတ်ချက်များနှင့် အကြံပြုချက်များသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်အတွက် အတိုင်းအတာတစ်ခုအထိ အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြောင်း၊ ရရှိခဲ့သည့် သုံးသပ်ဖော်ထုတ်ချက်များနှင့် အကြံပြုချက်များအား လက်တွေ့ပြန်လည်အသုံးချနိုင်ရန် ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် NSPNC အနေဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းများအား အခါအားလျော်စွာ ကျင်းပနိုင်ရေး ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်

Newspaper - 3468 items

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 08, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download