‘‘ဘယ်လိုအခက်အခဲတွေရှိပါစေ၊ မူလရည်မှန်းချက် လုံးဝမပျောက်ပျက်ဘဲ အားကစားစိတ်ဓာတ်နဲ့ အကောင်းဆုံးယှဉ်ပြိုင်မယ်၊ နိုင်ငံ့ဂုဏ်ဆောင်ဆုတစ်ခုခု သယ်ဆောင်လာဖို့ ရည်မှန်းကြိုးပမ်းသွားပါမယ် ’’


Ministry of Information/ Naypyitaw / December 13, 2025
image_latest


မောင်ဌေးဝင်းအောင်၊ ဘိုးလင်းအားကစားသမား

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင် နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ကိုယ်စားပြု မာရသွန်၊ လမ်းလျှောက်၊ ဘိုးလင်းနှင့် Squash အသင်းများသည် ပြိုင်ပွဲကျင်းပရာ ဘန်ကောက်၊ ချင်းမိုင်နှင့် ချွန်ဘူရီမြို့များသို့ သက်ဆိုင်ရာအုပ်ချုပ် သူ၊ နည်းပြများနှင့်အတူ ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြသည်။

အဆိုပါ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှုဆုတံဆိပ်များရရှိရေး ကြိုးပမ်းကာ ပါဝင်ယှဉ်ပြိုင်သွားကြမည့် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများနှင့် အုပ်ချုပ်သူနည်းပြများအား တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ပါသည်။

မောင်မိုးဦး

မာရသွန်အားကစားသမား

ဆီးဂိမ်းပြိုင်ပွဲက ၄၂ ဒသမ ၁၉၅ ကီလိုမီတာ မာရသွန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲအတွက် သုံးနှစ် အချိန်ယူခဲ့တယ်။ ပြီးတော့ ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲအတွေ့အကြုံတွေလည်း ရှိထားပါတယ်။ ပြိုင်ပွဲမှာ ပြိုင်ဘက်ကောင်းတွေ အသင့်စောင့်ကြိုနေတဲ့အတွက် အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ ကျွန်တော့်အတွက် အခုဆီးဂိမ်းပြိုင်ပွဲကတော့ ပထမဆုံးယှဉ်ပြိုင်တာပါ။ ဒါပေမယ့်တခြားပြိုင်ပွဲ အတွေ့အကြုံကောင်းတွေနဲ့ အကောင်းဆုံးကြိုတင် ပြင်ဆင် လေ့ကျင့်ထားမှုတွေကြောင့် နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်တွေနဲ့ ပြန်လာခဲ့ပါ့မယ်။

မောင်ဌေးဝင်းအောင်

ဘိုးလင်းအားကစားသမား

ဆီးဂိမ်းပြိုင်ပွဲမှာ ဘိုးလင်းအားကစားနဲ့ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်တစ်ခုခုရဖို့ မျှော်မှန်းပြင်ဆင်ထားပါတယ်။ အရင်လို မဟုတ်ဘဲ ပြိုင်ပွဲပုံစံပြောင်းထားတယ်လို့ သိရတဲ့အတွက် အခက်အခဲတော့ရှိနိုင်ပါတယ်။ ပြီးတော့ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတွေမှာ ကမ္ဘာ့ချန်ပီယံတွေ ပါဝင်နေပါတယ်။ ဒါပေမယ့် ဘယ်လိုအခက်အခဲ တွေရှိပါစေ၊ မူလရည်မှန်းချက် လုံးဝမပျောက်ပျက်ဘဲ အားကစားစိတ်ဓာတ်နဲ့ အကောင်းဆုံးယှဉ်ပြိုင်မယ်၊ နိုင်ငံ့ဂုဏ်ဆောင် ဆုတစ်ခုခု သယ်ဆောင်လာဖို့ ရည်မှန်းကြိုးပမ်းသွားပါမယ်။

ဦးဩဂက်စတင်း

မာရသွန်အားကစား နည်းပြ

ပြိုင်ပွဲအတွက် စံချိန်ဝင်တဲ့အားကစားသမားတွေကိုပဲ ရွေးချယ်ထားပါတယ်။ မာရသွန်ပြိုင်ပွဲဟာ (၂၆)မိုင် အပြေးပြိုင်ပွဲ ဖြစ်တဲ့အတွက် အဓိကစိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ပြည့်ဝနေဖို့ လိုပါတယ်။ ပြိုင်ပွဲမှာ နည်းပြနှစ်ဦးနဲ့ ကစားသမားရှစ်ဦး ပါဝင်ပြီး နိုင်ငံကိုယ်စားပြုအနေနဲ့ မောင်မိုးဦးနဲ့မောင်စိုးပိုင်တို့က ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဆီးဂိမ်းပြိုင်ပွဲအတွက် ၂၀၂၃-၂၀၂၄ ခုနှစ်ကတည်းက လေ့ကျင့်ခဲ့တာ ဖြစ်တဲ့အတွက် ‌လေ့ကျင့်မှုအပိုင်းမှာ စံချိန်တိုးတက်လာ တယ်၊ ဒါဟာအားရစရာပါ။ ပြိုင်ဘက်နိုင်ငံတွေကို အထင်သေးလို့ မရတဲ့အတွက် အလွယ်တကူတော့ အောင်မြင်မှုမရနိုင်ပါဘူး။ အကြိတ်အနယ် ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။ ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီခွဲမှာ မာရသွန်ပြိုင်ပွဲကိုစတင်မှာပါ။ နိုင်ငံဂုဏ်ဆောင် ဆုတံဆိပ်တွေရရှိဖို့ လေ့ကျင့်ချိန်တွေ အများကြီးပြင်ဆင်ထားပါတယ်။ အကောင်းဆုံးစံချိန်တွေနဲ့ ဆုတံဆိပ်တွေရရှိမယ်လို့ မျှော်လင့်ထားပါတယ်။ အထူးသဖြင့် ရွှေတံဆိပ်ဆုမှန်းထားပါတယ်။ ပြိုင်ပွဲဆိုတာ အားပေးမှုဟာ အဓိကဖြစ်တဲ့အတွက် မြန်မာပြည်သူ အ‌ပေါင်း အားပေးကြပါလို့ ဒီကနေဂါရဝပြုတောင်းဆိုပါတယ်။

ဦးအောင်နိုင်ဝင်း

ပြေးခုန်ပစ်၊ လမ်းလျှောက်အားကစား

နည်းပြ

ဆီးဂိမ်းပြိုင်ပွဲက ပြေးခုန်ပစ်အားကစားနည်းမှာ လမ်းလျှောက် အားကစားနည်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ ဒီဇင်ဘာ ၉ ရက်မှာ တချို့က ကြိုပြီး သွားရောက်တာ ရှိတယ်။ ဒီဇင်ဘာ ၁၁ ရက်မှာတော့ မီတာ ၁၅၀၀ ပြိုင်ပွဲ စတင်ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။ လမ်းလျှောက်ပြိုင်ပွဲကိုတော့ ဒီဇင်ဘာ ၁၄ ရက် ညနေ ၅ နာရီမှာ ယှဉ်ပြိုင်သွားဖို့ရှိပါတယ်။ ၁၆ ရက်အထိ ယှဉ်ပြိုင်ရမှာပါ။ ဆီးဂိမ်းပြိုင်ပွဲအတွက် နိုင်ငံတော်ကလည်း အားပေးသလို အဖွဲ့ချုပ်ကလည်း ဒီနှစ်မှာ ရွှေရရင်ထိုက်တန်စွာချီးမြှင့်မယ်လို့ သိထားရတာကြောင့် အားကစားသမားတွေလည်း ပိုပြီးစိတ်ပိုင်းဆိုင်ရာ တက်ကြွနေကြပါတယ်။ ပြီးတော့ ပြိုင်ပွဲအတွက် သေချာပြင်ဆင်ထားတဲ့အတွက် အသင်းအနေနဲ့ ရွှေနှစ်ခုမှန်းထားပါတယ်။

ဦးမျိုးအောင်

ဥက္ကဋ္ဌ၊ ဘိုးလင်းအားကစားအဖွဲ့ချုပ်

 

ပြိုင်ပွဲမှာ အသင်းအနေနဲ့ တစ်ဦးချင်း၊ နှစ်ယောက်တွဲနဲ့ အဖွဲ့လိုက်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ ၂၀၂၃ ခုနှစ်ကတည်းက ဘိုးလင်းအသင်းအနေနဲ့ အမျိုးသား ရှစ်ဦး၊ အမျိုးသမီးရှစ်ဦးနဲ့ လေ့ကျင့်ခဲ့ပြီး နောက်ဆုံးပြိုင်ပွဲအတွက် အမျိုးသားလေးဦး၊ အမျိုးသမီးလေးဦးကို ရွေးချယ်ခဲ့ပါတယ်။ ပြိုင်ပွဲအတွက် အပြည့်အဝ လေ့ကျင့်ထားပြီးသားဖြစ်တဲ့အတွက် ဆုတစ်ခုခုရရှိဖို့ မျှော်မှန်းထားတယ်။ အသင်းအနေနဲ့ ဒီဇင်ဘာ ၁၄ ရက်ကနေ ၁၇ ရက်အထိ ယှဉ်ပြိုင်သွားရမှာပါ။ ဘိုးလင်းအားကစားနည်းဟာ နိုင်ငံအတွက် အားကိုးအားထားရတဲ့ အားကစားနည်း တစ်ရပ်ဖြစ်တဲ့အတွက် ပြိုင်ပွဲမှာရွှေရနိုင်မယ့် အားကစားသမားတွေကို ရွေးချယ်စေလွှတ်ထားပါတယ်။

ဒေါ်ဆွေဇင်ထိုက်

ဥက္ကဋ္ဌ၊ Squash အားကစားအဖွဲ့ချုပ်

အခု ထိုင်းနိုင်ငံဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာနိုင်ငံအနေနဲ့ Squash အားကစားကို ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ ဒီအားကစားနည်းက ဥရောပနဲ့ အာရှမှာ ရှိနေတာတော့ ကြာပါပြီ။ မြန်မာနိုင်ငံမှာ Squash အားကစားကို ထူထောင်ရတဲ့ ရည်ရွယ်ချက်က နောင် နှစ်နှစ်ဆိုရင် L.A မှာ ကျင်းပမယ့် အိုလံပစ်ကော်မတီက အားကစားနည်း ၁၄ နည်း မှာ မြန်မာနိုင်ငံအနေနဲ့ ပါဝင်နိုင်အောင် အခုကတည်းက ဆီးဂိမ်းအမီ Squash အားကစားကို ထူထောင်ခြင်းဖြစ်ပါတယ်။ အဖွဲ့ဝင် ၁၅ ဦး ရှိပါတယ်။ ဒီဇင်ဘာ ၁၄ ရက်မှာ စတင်ယှဉ်ပြိုင်ရမှာပါ။ တစ်ဦးချင်းနဲ့ နှစ်ယောက်တွဲပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲအတွက် ဘရက်ကတ်နဲ့ ရင်းနှီးတဲ့တင်းနစ်က အားကစား သမားတွေကို ရွေးချယ်ထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ဒေသခံနည်းပြတွေနဲ့ နှစ်လကျော် လေ့ကျင့်ထားတဲ့ အားကစားသမားလေးဦးနဲ့ ယှဉ်ပြိုင်သွား ဖို့ ရှိပါတယ်။

ဆီးဂိမ်းပြိုင်ပွဲမှာ အတွေ့အကြုံကောင်းတွေရှိနေတဲ့ စင်ကာပူနဲ့မလေးရှားကိုတော့ ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ရမှာ အသေအချာပါ။ နောင်နှစ်ကိုရီးယားမှာ ကျင်းပမယ့် အိုလံပစ်အကြိုပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအားကစား သမားတွေစေလွှတ်ပြီး L.A အိုလံပစ်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ကြိုးစားသွားပါ့မယ်။ ဒီအားကစားနည်းဟာ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုလိုအပ်သလို ထောက်ပံ့မှုတွေလည်း လိုအပ်ပါတယ်။ အားကစားနည်းအသစ်ဖြစ်တဲ့အပြင် ပထမဆုံးသွား‌ရောက် ယှဉ်ပြိုင်ရတာဖြစ်တဲ့အတွက် ဆုတစ်ခုခုရအောင် အစွမ်းကုန်ကြိုးစားသွားဖို့ ပြင်ဆင်ထားကြပါတယ်။ အားပေးကြဖို့လည်း ပန်ကြားလိုပါတယ်။

 

အင်တာဗျူး - သစ္စာ(MNA)

ဓာတ်ပုံ - ဇွဲမာန်

Newspaper - 3500 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download