(၁၀၅)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ မင်္ဂလဘွဲ့တော်များ ဆက်ကပ်ချီးမြှင့်ခြင်းနှင့် (၃၈)ဖြာ မင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / November 15, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၁၄

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဗဟိုအသင်းကြီးက ကြီးမှူးပြုလုပ်သည့်(၁၀၅) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ မင်္ဂလဘွဲ့တော်များဆက်ကပ်ချီးမြှင့်ခြင်းနှင့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်စာမေးပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကုန်းမြင့်သာရှိ ဇေယျာသီရိခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ရာသက်ပန်နာယကကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော အမျိုးသားနေ့သဝဏ်လွှာအား YMBA အသင်းနာယကကြီး ဦးစိန်သန်းက ဖတ်ကြားသည်။

ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းက မင်္ဂလဆိုင်ရာ စာမေးပွဲပြုလုပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်းသမိုင်းကြောင်းကို ရှင်းလင်းပြောကြားပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းအား ဂုဏ်ပြုရေးသားသော ထပ်တွန့်ရှစ်ဆယ်ပေါ်တေးထပ်ဖြင့် တေးသံရှင် သုသုသံသာအောင်က ဂုဏ်ပြုသီဆိုသည်။

ယင်းနောက် သံဃာတော်အရှင်သူ​မြတ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းနှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်များပေးအပ်ချီးမြှင့်ခြင်းကို ဆက်လက်ပြုလုပ်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်၂၉ ပါးအား ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းနှင့် လူပုဂ္ဂိုလ် ၃၉ ဦးတို့အား ဘွဲ့တံဆိပ်များ ပေးအပ်ခြင်းတို့ကိုဆောင်ရွက်ပြီး အခမ်းအနားတွင် ဖျော်‌ဖြေ တင်ဆက်ခဲ့ကြသည့် ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးအဖွဲ့များအား ဦးရဲထွန်းနှင့် တာဝန်ရှိသူများက ဆုငွေများ ချီးမြှင့်ပေးအပ်​​သည်။

ထို့နောက် ကျိုက်ထီးဆောင်း ဆရာတော်ကြီးက ဗုဒ္ဓဘာသာကလျာဏယုဝအသင်းသို့ အလှူငွေကျပ်သိန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ YMBA အသင်းဥက္ကဋ္ဌ ဦးရဲထွန်းက လက်ခံရယူပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများကို ဆုများချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် တာဝန်ရှိသူများသည် ဘွဲ့တံဆိပ်များချီးမြှင့်​ခြင်းခံရသည့် လူပုဂ္ဂိုလ်များ၊ တိုင်းရင်းသားရိုးရာဖျော်ဖြေရေးအဖွဲ့များနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3350 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 13, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download