(၁၅၁)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / October 10, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၉

(၁၅၁)နှစ်မြောက် ကမ္ဘာ့စာပို့တိုက် နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးများ၊ ဧည့်သည်တော်များ၊ ဆုရလူငယ်များတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ယခုနှစ်အခမ်းအနားအတွက် ဆောင်ပုဒ်ကို # POSTFORPEOPLE: Local Service. Global Reach. (ပြည်သူ များအတွက်စာပို့တိုက် - ပြည် တွင်းဝန်ဆောင်မှုမှသည်ကမ္ဘာတစ်ဝန်းဆီ) ဟု ယူပီယူမှရွေးချယ်သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ အဆိုပါဆောင်ပုဒ်သည် ပြည်သူ လူထုအတွက် မြို့ပြမှ ကျေးလက် တောရွာမကျန် စာပို့တိုက်ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ချိတ်ဆက်မှုအတွက် စာပို့တိုက်ဝန်ဆောင်မှုကဏ္ဍသည် အဓိကအခန်းကဏ္ဍမှပါဝင် ထမ်းဆောင်နေသည်ကို ဖော်ပြထားခြင်းဖြစ်ကြောင်း၊ ပြည်သူများအပါအဝင် နိုင်ငံတော်နှင့် ကမ္ဘာတစ်ဝန်းလုံးအတွက် ဆက်လက်လုပ်ဆောင်သင့်သည့် မျှော်မှန်းလမ်းညွှန်ချက်တစ်ခုလည်းဖြစ်ကြောင်း။

ယခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့၏ ဆောင်ပုဒ်သည် မြန်မာ့စာတိုက် လုပ်ငန်း၏ ရည်မှန်းချက်ဖြစ်သည့် “လူတိုင်းအတွက် မြန်မာ့စာတိုက် (Myanmar Post for Everyone)” နှင့် ကိုက်ညီလျက်ရှိနေကြောင်း၊ ယူပီယူ၏ State of the Postal Sector 2024 အစီရင်ခံစာတွင် စာပို့တိုက်လုပ်ငန်းများအနေဖြင့် သမားရိုးကျစာပို့တိုက်ဝန်ဆောင်မှုများအပေါ်တွင်သာ မှီခိုအားထား နေခြင်းမပြုဘဲ ဒစ်ဂျစ်တယ်နည်းပညာများကို အသုံးပြုဆောင်ရွက်၍ ခေတ်နှင့်လျော်ညီအောင် ပြုပြင်ပြောင်းလဲပြီး နိုင်ငံတကာ ဈေးကွက်သို့ အောင်မြင်စွာ ချိတ်ဆက်နိုင်မှသာ အနာဂတ်တွင် ကြံ့ကြံ့ခံနိုင်ပြီး ပြန်လည်ရှင်သန် ဦးမော့လာနိုင်မည်ဖြစ်ကြောင်းနှင့် မကြာသေးမီက ကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် ကမ္ဘာ့စာပို့ တိုက်သမဂ္ဂ(ယူပီယူ) ကွန်ဂရက်မှ ချမှတ်ဆောင်ရွက်ခဲ့သည့် Development Strategy များ၊ သဘောတူညီချက်များနှင့် နိုင်ငံတကာမှ စာပို့တိုက်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု၊ နည်းပညာတိုးတက်မှုများကို စာပို့တိုက် ကဏ္ဍကြီးကြပ် ဆောင်ရွက်သူ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူ၊ မြန်မာ့စာတိုက်လုပ်ငန်းတို့မှ မျက်ခြည်မပြတ် လေ့လာစောင့်ကြည့်၍ မိမိတို့နိုင်ငံ၏ စာပို့တိုက်ကဏ္ဍ ပြန်လည်ဦးမော့လာနိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ ဌာနချုပ် (UPU) ညွှန်ကြားရေးမှူးချုပ်ထံမှ ပေးပို့လာသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့သဝဏ်လွှာ Video Clip နှင့် ကမ္ဘာ့စာပို့ တိုက်နေ့အထိမ်းအမှတ်မှတ်တမ်း Video Clip များကို ပြသသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် (၅၄)ကြိမ် မြောက် အသက် (၁၅) နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်း အဆင့်)၌ ပထမဆုရရှိသည့် တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့နယ်မှ မဝင်းလဲ့ရွှေရည်၊ ဒုတိယ ဆုရရှိသည့် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှ မနှင်းအိရွှေရည်၊ တတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ်မှ မောင်ဇော်သူရနှင့်အထူးဆုရရှိသည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှ မမိုးပြည့်စုံကြွယ်တို့အား ဂုဏ်ပြုဆုများ ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက နိုင်ငံတကာ လူငယ်များပေးစာရေး ပြိုင်ပွဲ (ပြည်တွင်းအဆင့်)အတွက် အကဲဖြတ်ပေးကြသော အကဲဖြတ်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး (၁၅၁)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ အထိမ်းအမှတ်ပြခန်းတွင် ခင်းကျင်းပြသထားသည့် စာပို့တိုက်လုပ်ငန်းများ ကာလအလိုက် အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခြင်းဆိုင်ရာ မှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာတမ်းများ၊ လုပ်ငန်းဆိုင်ရာ ပစ္စည်းများကို ကြည့်ရှုအားပေးကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3537 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download