(၃၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့်ရဲအရာရှိကြီးများ ပူးတွဲလေ့ကျင့်မှုအစီအစဉ် (32nd Joint ASEAN Senior Police Officers Course- 32nd JASPOC)
(၃၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့်ရဲအရာရှိကြီးများ ပူးတွဲလေ့ကျင့်မှုအစီအစဉ် (32nd Joint ASEAN Senior Police Officers Course- 32nd JASPOC)
Ministry of Home Affairs/ နေပြည်တော် / July 06, 2025
(၃၂) ကြိမ်မြောက် အာဆီယံအဆင့်မြင့်ရဲအရာရှိကြီးများ ပူးတွဲလေ့ကျင့်မှုအစီအစဉ် (32nd Joint ASEAN Senior Police Officers Course- 32nd JASPOC) ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ ၃ ရက် အထိ ရန်ကုန်မြို့ရှိ Jasmine Palace ဟိုတယ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြုလုပ်ခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၂)ကြိမ်မြောက် အာဆီယံအဆင့်မြင့်ရဲအရာရှိကြီးများ ပူးတွဲလေ့ကျင့်မှုအစီအစဉ် (32nd JASPOC) ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် (၁)၊ ရဲဗိုလ်ချုပ် တင်ကိုကို တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ 32nd JASPOC သို့ အာဆီယံရဲအဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံ (ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်)နှင့် အာဆီယံရဲအဖွဲ့အတွင်းရေးမှူးရုံးတို့မှ ကိုယ်စားလှယ် စုစုပေါင်း ၁၈ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး စင်ကာပူနိုင်ငံအခြေစိုက် INTERPOL Global Complex for Innovation (IGCI) မှ ကိုယ်စားလှယ်က ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် Presentation ကို Online မှတစ်ဆင့်လည်းကောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း (Global Initiative on the Transnational Organized Crime– GI-TOC) နှင့် ဖိလစ်ပိုင်နိုင်ငံရဲတပ်ဖွဲ့တို့မှ ကိုယ်စားလှယ်တို့က နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် Online Gambling ဆိုင်ရာ Recorded Presentation များဖြင့်လည်းကောင်း ဆွေးနွေး ပေးခဲ့ကြပါသည်။
အထက်ဖော်ပြပါအစီအစဉ်တွင် Online မှတစ်ဆင့်လိမ်လည်မှုများ (Online Scams) တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေး၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန်အကူအညီပေးရေး (Mutual Legal Assistant in Criminal Matters) တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
Newspaper - 3216 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။
