(၅၄) ကြိမ်မြောက် စကားဝိုင်းဆွေးနွေးပွဲတွင် “မန္တလေးငလျင်ကြီးအပေါ် အလျင်အမြန် ပြန်လည်ကုစားခြင်းနှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေး


Ministry of Information/ Naypyitaw / April 03, 2026
image_latest


နေပြည်တော် ဧပြီ ၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် လစဉ်ကျင်းပလျက်ရှိသည့် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက (၅၄) ကြိမ်မြောက်အဖြစ် နေပြည်တော်ရုံးအမှတ် (၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပရာ သက်ဆိုင်ရာကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက “မန္တလေးငလျင်ကြီးအပေါ် အလျင်အမြန်ပြန်လည်ကုစားခြင်းနှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။

ထိခိုက်မှုအချို့ ဖြစ်ပေါ်ခဲ့

စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ၂၀၂၅ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်ရေးကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများစွာတို့ ထိခိုက်ပျက် စီးမှုများရှိခဲ့သည့်နည်းတူ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းအချို့ဒေသများရှိ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအထောက်အကူပေးလျက်ရှိသည့် ရေလှောင်တမံကြီးများ ကျိုးပေါက်မှုမရှိခဲ့သော်လည်း ပင်မတမံများ၊ ကုန်းကျောတမံများ၊ ရေလွှဲဆည်များနှင့် ရေပေးတူးမြောင်းအချို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး မြေမျက်နှာပြင်အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်မှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း။

စိုက်ပျိုးရေပေးဝေဆဲ နွေစပါး၊ နွေသီးနှံများ အမြန်ပြန်လည်ကုစားနိုင်ရန်အတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် စက်ယန္တရား၊ လူအင်အားစုဖွဲ့ပြီး ထူထောင်ပြင်ဆင်ရေးလုပ်ငန်းများကို အလျင်အမြန် တုံ့ပြန်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ လိုအပ်ချက်များကိုဌာနများ အားလုံးပူးပေါင်းညှိနှိုင်းနည်းလမ်းရှာဖွေကြံဆ၍ နေ့ညမပြတ်ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် မကြာမီကာလအတွင်း အဆင့်လိုက်ဆည်ရေပြန်လည်ပေးဝေနိုင်ခဲ့ပြီး သီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုကို လျော့နည်းကာကွယ်နိုင်ခဲ့ကြောင်း။

အနာဂတ်တွင် ဌာနအဆောက်အအုံများ ဆောက်လုပ်ရာ၌ ငလျင်ဒဏ်ခံနိုင်သော အနေအထားရှိအောင် Myanmar National Building Code (MNBC) 2025 အတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ခြင်း၊ ငလျင်ပြင်းထန်ဇုန်အတွင်းတည်ရှိသော ရေလှောင်တမံများ၏ လုံခြုံရေးနှင့် ခံနိုင်ရည်အခြေအနေကိုသုံးသပ်၍ ပိုမိုကြံ့ခိုင်မှုရှိစေရေးနှင့် ဘေးကင်းလုံခြုံစေရေးကို နိုင်ငံတကာဒီဇိုင်းစံနှုန်းများနှင့် နိုင်ငံတကာတွင်ဖြစ်ပေါ်ခဲ့သော ငလျင်များကြောင့် ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို လေ့လာဆောင်ရွက်နိုင်ရေးအတွက် ဦးစားပေးအဆင့်လိုက် ပြင်ဆင်ခြင်း၊ စိုက်ပျိုးရေကို ထိရောက်ချွေတာစွာ သုံးစွဲနိုင်မည့် စိုက်နည်းစနစ်များ၊ ရာသီဥတုနှင့် သဘာဝဘေးဒဏ်ခံနိုင်သောမျိုး၊ သီးနှံအမျိုးအစားနှင့် နည်းပညာအသုံးချမှုများ၊ မြေယာပြုပြင်မှုဆိုင်ရာ၊ မြေဆီလွှာပြုပြင်မှုဆိုင်ရာနည်းစနစ်များ ဟန်ချက်ညီညီ ပြောင်းလဲတိုးတက်လာစေရန် ကြိုးပမ်းအားထုတ်ခြင်းကို ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရုံသာမက ပုဂ္ဂလိကကုမ္ပဏီ၊ အဖွဲ့အစည်းများ၊ ဒေသခံပြည်သူလူထုနှင့် နီးနီးကပ်ကပ် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုကြောင်း။

ဝိုင်းဝန်းဆွေးနွေး

ယနေ့ဆွေးနွေးပွဲတွင် ငလျင်ကဲ့သို့ ကြိုတင်ခန့်မှန်း၍မရသော သဘာဝဘေးကြုံတွေ့လာရပါက လျင်မြန်စွာ ပြန်လည်ထူထောင်နိုင်ရေးအတွက် တိကျသော လမ်းညွှန်ချက်များ၊ အန္တရာယ်ကိုလျှော့ချရန်အတွက် အထောက်အကူဖြစ်စေမည့် နည်းပညာများနှင့် ငလျင်အလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ပိုမိုအားကောင်းတိုးတက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

အနာဂတ်အတွက် ပြင်ဆင်

စကားဝိုင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိသူများက ငလျင်ဖြစ်စဉ်များအပေါ်သုံးသပ်ခြင်းနှင့် ကုစားဆောင်ရွက်ခဲ့ရသည့် အခြေအနေများအပေါ်မူတည်၍ တွေ့ကြုံခဲ့ရသည့် အခက်အခဲ၊ လိုအပ်ချက်များအပေါ်အခြေခံ၍ အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ ကိုယ်စားလှယ်များက သိရှိလိုသည်များ မေးမြန်းခြင်း၊ ဖြည့်စွက်တင်ပြခြင်း၊ သုံးသပ်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3489 items

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download