(၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / December 11, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၀

(၇၇) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟို ဌာန-၁ ၌ ကျင်းပရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေး တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံဆိုင်ရာ ပြည်ပသံရုံးများမှတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

လူ့အခွင့်အရေးကိုအလေးထား

ဦးစွာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးက အမှာစကားပြောကြားရာတွင် ယနေ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်သည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ကုလသမဂ္ဂအထွေထွေညီလာခံက အတည်ပြုထုတ်ပြန်ခဲ့သည့် (၇၇) နှစ်ပြည့်မြောက်သောနေ့ဖြစ်သကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်းဖြစ်ကြောင်း၊ ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်လေ့ရှိခြင်းကြောင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့်လည်း လူ့အခွင့်အရေးကို အလေးထားသည့်အနေဖြင့် ယခုအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းတွင် အပိုဒ်ပေါင်း ၃၀ ပါရှိပြီး လူ့အခွင့်အရေးအားလုံး၏ အခြေခံများ၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများ၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများအကြောင်း ဖော်ပြပါရှိကြောင်း၊ ယင်းကြေညာစာတမ်းသည် လူသားအားလုံးတွင် မွေးရာပါအခွင့်အရေးများ ပိုင်ဆိုင်ကြောင်း ပထမဆုံးအသိအမှတ်ပြုခဲ့သည့် သမိုင်းဝင်စာတမ်းဖြစ်ပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံ UDHR ကို အတည်ပြုရန် မဲခွဲသည့်အခါ မြန်မာနိုင်ငံသည် ကြေညာစာတမ်းကို ထောက်ခံမဲပေးခဲ့သည့် နိုင်ငံ ၄၈ နိုင်ငံတွင်အပါအဝင်ဖြစ်ခဲ့ကြောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံက ယင်းကြေညာစာတမ်းအတည်ပြုခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းပင်ဖြစ်ကြောင်း။

ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပေါ်ပေါက်လာပြီးသည့်နောက် နိုင်ငံတကာက ကြေညာစာတမ်းပါအခွင့်အရေးများကို အခြေခံပြီး ဥပဒေအရစည်းနှောင်မှုနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ပတ်သက်ဆက်နွှယ်သည့် သဘောတူစာချုပ်များ အသီးသီးပေါ်ပေါက်ခဲ့ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များတွင် စာချုပ်ဝင်နိုင်ငံအဖြစ် ခေတ်အဆက်ဆက်၏ နိုင်ငံတော်အစိုးရများက ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာသဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်စသည့် စာချုပ်များကို ပါဝင်ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါစာချုပ်များနှင့် ဆက်စပ်သည့် နောက်ဆက်တွဲ သဘောတူစာချုပ်တချို့ကိုလည်း ပါဝင်ချုပ်ဆိုထားပြီးဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် သက်ဆိုင်ရာစာချုပ်များတွင်ပါသည့် တာဝန်ဝတ္တရားများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းဥပဒေများ ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသကဲ့သို့ အမျိုးသားအဆင့်ကော်မတီများ ဖွဲ့စည်းထားရှိပြီး နိုင်ငံအဆင့်အစီရင်ခံစာများကို စာချုပ်ကော်မတီများထံ ပုံမှန်တင်သွင်းလျက်ရှိကြောင်း။

နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၏ အခြေခံအခွင့်အရေးများ ရရှိခံစားနိုင်စေရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၈) တွင် နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို ထည့်သွင်းပြဋ္ဌာန်းထားပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် မူလအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ရယူနိုင်သကဲ့သို့ လိုက်နာရန် ပြဋ္ဌာန်းထားသည့် တာဝန်များကိုလည်း လိုက်နာကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံသားများ၏ မူလအခြေခံအခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းပေးခဲ့ကြောင်း။

ထိုသို့ ဖွဲ့စည်းပေးခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းပေးခဲ့ပြီး ကော်မရှင်ဥပဒေပါ လုပ်ငန်းတာဝန်များထဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်သည့် တိုင်ကြားချက်များအပေါ် စုံစမ်းစစ်ဆေးခြင်း၊ လူ့အခွင့်အရေးအသိပညာပေးခြင်း၊ လူ့အခွင့်အရေးဆိုင်ရာ အကြံပြုတိုက်တွန်းချက်များ ပေးခြင်းတို့ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည့် ကော်မရှင်သက်တမ်းသည် ယခုဆိုလျှင် ၁၄ နှစ် ကျော်ခဲ့ပြီဖြစ်ပြီး နိုင်ငံသားများ၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆောင်ရွက်မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ ခရီးရောက်ခဲ့ပြီဖြစ်ကြောင်း။

သက်သေသာဓကတစ်ခုဖြစ်

နိုင်ငံအတွင်းနေထိုင်ကြသည့် နိုင်ငံသူ၊ နိုင်ငံသားများ၏ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းတည်ထောင်ပေးထားခြင်းသည် နိုင်ငံတော်ကလူ့အခွင့်အရေးကို အလေးထားကြောင်းပြသသည့် သက်သေသာဓကတစ်ခုလည်းဖြစ်ကြောင်း။

လူ့အဖွဲ့အစည်း တစ်ရပ်အတွင်း၌ လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် အဆိုပါလူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းရေးကို များစွာအထောက်အကူပြုမည် ဖြစ်သကဲ့သို့ တည်ငြိမ်အေးချမ်းမှုရှိမှသာ တရားဥပဒေစိုးမိုးရေးအားကောင်းမည်ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံသားများအားလုံးအေးချမ်းပျော်ရွှင်စွာ နေထိုင်လုပ်ကိုင်နိုင်ကြပြီး လူမှုစီးပွားဘဝတိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသူနိုင်ငံသားများအားလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက်နေထိုင်နိုင်ရေး၊ ဆင်းရဲချမ်းသာကွာဟမှု လျှော့ချနိုင်ရေးတို့အတွက် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ပြည်သူလူထု၏ စစ်မှန်သည့် လိုလားချက်ဖြစ်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်ထောင်စုကြီး ဖြစ်ပေါ်လာစေရေးအတွက် စည်းစနစ်ကျနမှုရှိပြီး လွတ်လပ်ပြီး တရားမျှတမှုအပြည့်ရှိသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။

ပူးပေါင်းပါဝင်ရန် လိုအပ်

ဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အသက်ဖြစ်ပြီး အလွန်အရေးကြီးသည့်အတွက် ရွေးကောက်ပွဲအထမြောက်ရန်နှင့် ဥပဒေနှင့်ညီညွတ်ရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံးကလည်း သိက္ခာရှိသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် အခိုင်အမာရောက်ရှိစေရေးတို့အတွက် အားလုံးက ညီညီညွတ်ညွတ်ပူးပေါင်း ပါဝင်ကြရန်လိုအပ်ကြောင်း၊ နိုင်ငံတော်တစ်ခုတည်ဆောက်ရာတွင် ပြည်သူလူထုသည် အကြီးမားဆုံးအင်အားဖြစ်သည်နှင့်အညီ တည်ငြိမ်အေးချမ်းသည့် လူ့အဖွဲ့အစည်းဖြစ်စေရေးနှင့် တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်စေရေး ပြည်သူလူထုက တက်ကြွစွာပါဝင်ရန်၊ အချင်းချင်းလေးစားမှုရှိရန်နှင့် တာဝန်ယူမှုများရှိရန် လိုအပ်ကြောင်း။

ဆန္ဒမဲပေးခြင်း မပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သကဲ့သို့ ဆန္ဒမဲပေးရန် နိုင်ငံသားတစ်ဦး၏ တာဝန်ဖြစ်ကြောင်း၊ နိုင်ငံသားများအနေဖြင့် မိမိတို့အခွင့်အရေးကို အပြည့်အဝအသုံးချပြီး မိမိတို့၏ တာဝန်ဝတ္တရားများ ကိုလိုက်နာကာ နိုင်ငံ့အကျိုးကို ရှေးရှု၍ မိမိတို့၏ ဆန္ဒသဘောထားများကို ထုတ်ဖော်ကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဲပေးပိုင်ခွင့်ရှိသူအားလုံးက မကြာမီကျင်းပပြုလုပ်တော့မည့် ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲတွင် ပါဝင်ဆန္ဒမဲပေးခြင်းဖြင့် နိုင်ငံသားတစ်ဦး၏ တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားတို့၏တာဝန်သည် ဒီမိုကရေစီအခြေခံအုပ်ချုပ်ရေးစနစ်နှင့် ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ရေးအတွက် တစ်ခုနှင့် တစ်ခုဆက်စပ်ပြီး ဟန်ချက်ညီရန် လိုအပ်သည့် အခြေခံအယူအဆနှစ်ရပ်ဖြစ်ကြောင်း။

လက်ရှိနိုင်ငံတော်၏ အာဏာသုံးရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ယူဆောင်ရွက်နေသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေဖြင့်လည်း အထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးနှင့် လွတ်လပ်မျှတစွာ မဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသည် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားအခွင့်အရေးကို အလေးထားဆောင်ရွက်ခြင်းဖြစ်ကြောင်းကို အသိပေးပြောကြားလိုကြောင်း။

ယခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေးနေ့အတွက် ကုလသမဂ္ဂ၏ဆောင်ပုဒ် မှာ “Our Everyday Essentials” ဖြစ်ကြောင်း၊ လူသားများ၏ နေ့ရက်တိုင်းတွင် လူ့အခွင့်အရေးသည် မရှိမဖြစ်၊ မပါမဖြစ်အရေးကြီးသည့် အရာဖြစ်သည်ဟု ဖော်ညွှန်းလိုခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နေ့စဉ်လူမှုဘဝလှုပ်ရှားဆောင်ရွက်မှုတိုင်းတွင် လူ့အခွင့်အရေးအခြေခံသဘောတရားများ ပါဝင်သည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း စသည့်လောကပါလတရား (၃) ပါး လက်ကိုင်ထားဆောင်ရွက်ကြမည်ဆိုပါက ငြိမ်းချမ်းသာယာသည့် လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်သည့် အသိုက်အဝန်းအမှန်တကယ်ပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုင်းပြည်သာယာဝပြောရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို မြှင့်တင်ကာကွယ်နိုင်ရန် ဥပဒေသတ်မှတ်ချက်များအတိုင်း အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

နိုင်ငံသားတစ်ဦးသည် အခွင့်အရေးများနှင့်အတူ လူ့အဖွဲ့အစည်းအတွင်း နေထိုင်သူတစ်ဦးအနေဖြင့် ထမ်းဆောင်ရန်တာဝန်များလည်းရှိနေပါကြောင်း၊ ယင်းတာဝန်များသည် လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းစွာလည်ပတ်စေရန်အခွင့်အရေးများကို အကာအကွယ်ပေးရန်နှင့် အများပြည်သူကောင်းကျိုးအတွက် ပူးပေါင်းပါဝင်ရန်ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းရေးနှင့်စည်းမျဉ်း စည်းကမ်းတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးသော တာဝန်သည်ဥပဒေကို လေးစားလိုက်နာခြင်းပင်ဖြစ်ကြောင်း၊ တရားမျှတပြီး တာဝန်သိသော ဆန္ဒမဲပေးခြင်း၊ လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းများသည် နိုင်ငံသားတစ်ဦးအနေဖြင့် အများပြည်သူဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊

မိမိ၏ လွတ်လပ်ခွင့်သည် အခြားသူများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်ကို မထိခိုက်စေရန်လည်းလိုကြောင်း၊ နိုင်ငံသားတစ်ဦး၏ တာဝန်များကို ထမ်းဆောင်ခြင်းသည် အခြားသူများ၏ အခွင့်အရေးကို လေးစားခြင်းနှင့် မိမိကိုယ်တိုင်၏ အခွင့်အရေးများကို ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း။

တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်သည် နိုင်ငံသားများ၏ အခွင့်အရေးများကို အာမခံချက်ပေးပြီး နိုင်ငံသားများအနေဖြင့်လည်း နိုင်ငံသားတာဝန်များကို ထမ်းဆောင်ခြင်းအားဖြင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို ပံ့ပိုးပေးကြရန်တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ကော်မရှင်၏ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်သူမြိုင်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်သဝဏ်လွှာကို ဖတ်ကြား၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် Video Clip ကို ပြသသည်။

ယင်းနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးအမှုဆောင်ချုပ် ဦးအောင်လင်းဒွေးအား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌက ဂုဏ်ပြုအမှတ်တရလက်ဆောင်ကို လက်ရောက်ပေးအပ်သည်။

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “အားလုံးအတွက် လူ့အခွင့်အရေး” သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ထို့နောက် အမှုဆောင်ချုပ်ဦးအောင် လင်းဒွေးသည် အခမ်းအနားတက်ရောက် လာကြသူများနှင့်အတူ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးသဘောတူစာချုပ်များ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း တိုင်းရင်းသားဘာသာပြန်စာအုပ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရုရှားဘာသာ၊ အင်္ဂလိပ်ဘာသာသရုပ်ဖော်ပုံစာအုပ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများနှင့် ပုံနှိပ်ထုတ်ဝေဖြန့်ချိလျက်ရှိသော လူ့အခွင့်အရေးဆိုင်ရာ စာအုပ်စာတမ်းများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3552 items

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download