(၈၁)နှစ်မြောက်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် လယ်ယာသုံးစက်ပစ္စည်းအမျိုးမျိုးတပ်ဆင်ထုတ်လုပ်ရေး စက်ရုံဖွင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / March 18, 2026


ဘားအံ - မတ် (၁၈)

(၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ်၏လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုနိုင်မည့် ရှိုင်းထူး ကုမ္ပဏီ၏ ကူဘိုတာအမှတ်တံဆိပ် လယ်ယာသုံးစက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံဖွင့်ပွဲကို မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဘားအံစက်မှုဇုန်ရှိ အဆိုပါစက်ရုံတည်နေရာ၌ ကျင်းပ သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ် ဝန်ကြီးများနှင့်ကုမ္ပဏီတာဝန်ရှိသူများက မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုငွေကျပ်(၅၉၀၀)သန်းဖြင့် ကူဘူတာအမှတ်တံဆိပ် လက်တွန်းထွန်စက်(Power Tiller)များ၊ လယ်ယာသုံးစက်ပစ္စည်းများကို SKD စနစ်တပ်ဆင်ထုတ်လုပ်၍ မြန်မာတစ်နိုင်ငံ လုံးသို့ပို့ဆောင်ဖြန့်ချီမည့် ရှိုင်းထူးကုမ္ပဏီ၏ လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံဆိုင်းဘုတ်အားစက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ စက်ရုံဆိုင်း ဘုတ်နှင့်ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စက်ရုံဖွင့်ပွဲသို့တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များ အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ စက်ရုံအတွင်း Engine Assembly Line တွင် ကူဘိုတာအင်ဂျင်များ တပ်ဆင်ထုတ်လုပ်နေမှု၊ Power Tiller Assembly Line တွင် လက်တွန်းထွန်စက် Power Tiller များတပ်ဆင်ထုတ်လုပ်နေမှု၊ တပ်ဆင်ထုတ်လုပ်ပြီး လယ်ယာသုံးစက်ပစ္စည်းများ၊ AImega(စက်ရုပ်လက်)ဖြင့် လက်တွန်းထွန်စက်၏ တွဲဘက်ပစ္စည်းများ၊ လယ်ယာသုံးကိရိယာများ တပ်ဆင်ထုတ်လုပ်မှုတို့ကို လှည့်လည်ကြည့်ရှု အားပေး ပြီး စက်ရုံတာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဘားအံစက်မှုဇုန်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုနှင့် SME များ ရင်းနှီးမြှပ်နှံမှုစသည်ဖြင့် ရင်းနှီးမြှုပ်နှံမှုအမျိုးမျိုးအတွက်အုပ်စု(၄)စုခွဲ၍ စက်ရုံအလုပ်ရုံများကောင်းမွန်စွာလည်ပတ်လုပ် ကိုင်နိုင်ရေးအတွက် လိုအပ်သည့် Infra Structure ပိုင်းဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရ ရှိရေးစသည်ဖြင့် အဘက်ဘက်မှဖြည့်ဆည်းဆောင်ရွက်ပေးထားရာ ယခုအခါ ဘားအံစက်မှုဇုန်တွင် လည်ပတ်စက်ရုံ ၅၄ ရုံ ရှိပြီး တည်ဆောက်ဆဲစက်ရုံ ၂၈ ရုံရှိသည်ဟု ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှသိရှိရကာ အဆိုပါ စက်ရုံဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်၏ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး၊ စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ယခုထုတ်လုပ်မည့်လက်တွန်းထွန်စက်သာမက ထွန်စက်ကြီးများအထိ တိုးတက်ထုတ်လုပ်၍ တောင်သူလယ်သမားများအားကိုးအားထားပြုရသည့် ထုတ်ကုန်တစ်ခုအဖြစ် ရပ်တည်နိုင်သည့်အထိ ကြိုးစားဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံစက်မှုဇုန် ဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ဘားအံ စက်မှုဇုန်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး စက်ရုံမန်နေဂျာ MR.APICHAI(မစ္စတာအဖိချိုင်း)က စက်ရုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ရှိုင်းထူးကုမ္ပဏီ၏ ကူဘိုတာအမှတ်တံဆိပ် လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံ မန်နေးဂျင်း ဒါရိုက်တာဦးမင်းမင်းခိုင်စိုးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ကုမ္ပဏီတာဝန်ရှိသူများက ရှိုင်းထူးကုမ္ပဏီမှ တပ်ဆင်ထုတ်လုပ်သည့် လက်တွန်းထွန်စက်တစ်စီးကို ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံဖွင့်ပွဲသို့တက်ရောက်လာသော လုပ်ငန်းရှင်များနှင့်ဒေသခံများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။

 

Newspaper - 3473 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download