KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ ဆက်လက်ဖြိုချဖျက်ဆီး၊ မြဝတီမြို့အနီး၌ တရားမဝင် ပြည်ပနိုင်ငံသား ၂၃၂ ဦး ထပ်မံဖမ်းဆီးရမိ
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံများ ဆက်လက်ဖြိုချဖျက်ဆီး၊ မြဝတီမြို့အနီး၌ တရားမဝင် ပြည်ပနိုင်ငံသား ၂၃၂ ဦး ထပ်မံဖမ်းဆီးရမိ
Ministry of Information/ Naypyitaw / December 09, 2025
နေပြည်တော် ဒီဇင်ဘာ ၈
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် မြဝတီ - မဲ့ထော်သလေး (KK Park) နယ်မြေများ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းနှင့် ချိပ်ပိတ်သိမ်းဆည်းခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၃၄၁ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီး ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ယနေ့တွင် မြဝတီ - မဲ့ထော်သလေး (KK Park) အပိုင်း (၃) နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံများဖြစ်သော နှစ်ထပ်အဆောက်အအုံ ခြောက်လုံး၊ သုံးထပ်အဆောက်အအုံ တစ်လုံး၊ လေးထပ်အဆောက်အအုံတစ်လုံး စုစုပေါင်း တရားမဝင်အဆောက်အအုံ ရှစ်လုံးကို ထပ်မံဖြိုချ ဖျက်ဆီးခဲ့သဖြင့် အပိုင်း (၃) နယ်မြေအတွင်းရှိ အဆောက်အအုံ ၄၂၅ လုံးအနက် ယနေ့အထိ ၁၉၃ လုံး ဖြိုချဖျက်ဆီးခဲ့ကြောင်းနှင့် KK Park နယ်မြေ အတွင်းရှိ တရားမဝင်အဆောက်အအုံ စုစုပေါင်း ၆၃၅ လုံးအနက် ၃၄၁ လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ် ကြောင်း သိရှိရသည်။
အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည် မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသူများအား အင်တိုက်အားတိုက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖမ်းဆီးရှာဖွေ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့ရှိ လုံခြုံရေးပူးပေါင်း အဖွဲ့များက သတင်းအရ မြဝတီမြို့ဝန်းကျင်တွင် ရှောင်တခင်စစ်ဆေးခြင်းများ၊ မြဝတီမြို့အဝင်/ အထွက်လမ်းကြောင်းနေရာများနှင့် လမ်းဆုံလမ်းခွ နေရာများတွင် ပိတ်ဆို့စစ်ဆေးရှာဖွေခြင်းများ ဆောင်ရွက်ခဲ့ရာ ဖလူး - လေးကေ့ကော် - မြဝတီသွားကားလမ်းပေါ်ရှိ မေတ္တာလင်းမြိုင်ကျေးရွာအနီး လေးကေ့ကော်ဘက်မှ မြဝတီမြို့ဘက်သို့ မောင်းနှင်လာသော ၁၀ ဘီးယာဉ် လေးစီးပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား အမျိုးသား ၂၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၂၃၂ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် မြဝတီမြို့ အမှတ် (၃) ရပ်ကွက်အတွင်းရှိ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံးပြုနေထိုင်လုပ်ကိုင်ခဲ့ကြသည့် သုံးထပ်အဆောက်အအုံ ငါးလုံး၊ တစ်ထပ်အဆောက်အအုံ သုံးလုံး၊ စုစုပေါင်း ရှစ်လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့အား ပြန်လည်အသုံးချမှုမရှိစေရေးအတွက် ဖြိုချ ဖျက်ဆီးခြင်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင်လည်း သုံးထပ်အဆောက်အအုံ နှစ်လုံး၊ တစ်ထပ်အဆောက်အအုံတစ်လုံးကို ထပ်မံဖြိုချဖျက်ဆီးနိုင်ခဲ့ သဖြင့် အဆောက်အအုံအားလုံး ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်း သိရှိရသည်။
ယင်းအပြင် မြဝတီမြို့နယ်အတွင်းရှိ KK Park နယ်မြေနှင့် ရွှေကုက္ကိုလ်နယ်မြေတို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့်ပစ္စည်းများအား ထပ်မံ၍ အသုံးပြုနိုင်ခြင်းမရှိစေရန်အတွက် ယနေ့တွင်လည်း စနစ်တကျ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် လူသားချင်းစာနာထောက်ထားမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိရာ ယနေ့တွင် အင်ဒို နီးရှားနိုင်ငံသား ၅၆ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ခုနစ်ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသား လေးဦး၊ ဂါနာနိုင်ငံသား လေးဦး၊ ကာဂျစ္စတန်နိုင်ငံသား တစ်ဦး စုစုပေါင်း ၇၂ ဦးတို့အား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့် ထပ်မံလွှဲပြောင်းပေးအပ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3374 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
