TTTC (ဘယ်လင်း)တွင် အိန္ဒိယ Quick Impact Project ဖြင့် Tar-Free and Dry Type Gasifier သုတေသနနှင့် EV နည်းပညာရှင်များ မွေးထုတ်ဆောင်ရွက်
TTTC (ဘယ်လင်း)တွင် အိန္ဒိယ Quick Impact Project ဖြင့် Tar-Free and Dry Type Gasifier သုတေသနနှင့် EV နည်းပညာရှင်များ မွေးထုတ်ဆောင်ရွက်
Ministry of Information/ Naypyitaw / June 26, 2025

နေပြည်တော် ဇွန် ၂၅
ပြည်သူများ EV သုံးစွဲမှုများ သိသာစွာမြင့်တက်လာသဖြင့် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် နည်းပညာရှင်များ လိုအပ်ချက်ရှိလာသဖြင့် ယင်းကို EV သင်တန်းများဖြင့် ဖြည့်ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး EV သုံးစွဲသည့် ပြည်သူများ အမှန်တကယ် အားထားရသော နည်းပညာရှင်များ ဖြစ်စေရေးအတွက် အာရုံစူးစိုက်မှုအပြည့် ဖြင့် ကြိုးပမ်းလေ့ကျင့်ကြရန် လိုအပ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆရာအတတ်သင် ကောလိပ် (TTTC ဘယ်လင်း) EV အလုပ်ရုံကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၃/၂၀၂၅) သင်တန်းသားများ၏ အဆင့်မြင့်သင်ထောက် ကူပစ္စည်းများကို Electude Digital Learning Management System နှင့် တွဲဖက်ပြီး ယာဉ်၏ အဓိကအစိတ်အပိုင်းများကို ခွဲခြမ်းစိတ်ဖြာ၍ ပြစ်ချက်ရှာဖွေခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများ လေ့ကျင့်နေမှုများကို ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်မှုအင်ဂျင်နီယာဌာန အလုပ်ရုံသို့သွားရောက်၍ အိန္ဒိယသမ္မတနိုင်ငံ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် Quick Impact Project အထောက်အပံ့ဖြင့် ဆောင်ရွက်သော Tar-Free and Dry Type Gasifier သုတေသနလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စပါးခွံလောင်စာနှင့် စွန့်ပစ်ပလတ်စတစ် လောင်စာများမှ လျှပ်စစ်ဓာတ်အား ထုတ်ယူသောစနစ်များ အသုံးပြုဆောင်ရွက်ရန်ရှိရာ စပါးခွံများနှင့် ပလတ်စတစ်များ စွန့်ပစ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများကို လျှော့ချနိုင်ကြောင်း၊ Gasifier သုံးစွဲသည့် ပြည်သူများ၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုဖြစ်စေသည့် အက်စစ်ဓာတ်၊ အဆိပ်ရှိသောရေနှင့် ကတ္တရာစေး စသော Gasification ဖြစ်စဉ်မှ ဘေးထွက်ပစ္စည်းများကို ဖယ်ရှားနိုင်သောစနစ်ဖြစ်သဖြင့် ရရှိသည့် ဓာတ်ငွေ့၊ စက်သုံးဆီတို့ကို စနစ်တကျဓာတ်ခွဲစမ်းသပ်ရန်နှင့် မျှော်မှန်းသုတေသနရလဒ်များ ရရှိသည်အထိ ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်၊ ပြည်သူ့ဝန်ဆောင်မှုများပေးနေသည့် ဆန်စက်များနှင့် MSMEs များတွင်ပါ ဤစနစ်ကို အကျိုးရှိရှိ အသုံးချနိုင်ရေးလိုအပ်သည့် ဒီဇိုင်းတွက်ချက်မှုများကို ဆောင်ရွက်ရန်၊ သုတေသနရလဒ်များမှ နည်းပညာများကို ပြင်ပပုဂ္ဂလိက လုပ်ငန်းရှင်များက အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နည်းပညာလွှဲပြောင်းမှုများ စနစ်တကျဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3205 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။
