News

9542 Latest News

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ဒေသခံများအား တွေ့ဆုံ

Ministry of Information / Posted on January 28, 2020

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဇန်နဝါရီ ၂၆ ရက်နံနက် ၁၀ နာရီတွင် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ရှိ လိုဏ်ဂူရှင်ဘုရားကြီးကျောင်း၌ ဒေသခံ ပြည်သူများ၊ ကုန်သည်လုပ်ငန်းရှင်များအား တွေ့ဆုံသည်။

2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်ရေး လုပ်ငန်းများ အတွက် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု အစည်းအဝေးကျင်းပ

Ministry of Information / Posted on January 28, 2020

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်း တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပပြုလုပ်သည့် 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများအတွက် ဝန်ကြီးဌာနများအကြား ပေါင်းစပ်ညှိနှိုင်းမှု အစည်းအဝေးသို့ တက်ရောက်သည်။

ဩစတြေးလျနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်အနား ကျင်းပ

Ministry of Information / Posted on January 28, 2020

ဩစတြေးလျနိုင်ငံ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။

၂၀၂၀ ပြည့်နှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ) ဒုတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပ

Ministry of Information / Posted on January 28, 2020

၂၀၂၀ ပြည့်နှစ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာ ကဏ္ဍ) ဒုတိယပိုင်းအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-2) ခန်းမ၌ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ဟိုပန်မြို့တွင် ကျင်းပသည့် ‘ဝ’ တိုင်းရင်းသားများ၏ (၄၄) ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်

Ministry of Information / Posted on January 28, 2020

‘ဝ’တိုင်းရင်းသားများ၏ (၄၄) ကြိမ်မြောက် စုပေါင်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင် ဟိုပန်မြို့၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူငယ်ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း များတွေ့ဆုံဆွေးနွေးပွဲ တက်ရောက်

Ministry of Information / Posted on January 28, 2020

လူငယ်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်းအဝေး တက်ရောက်

Ministry of Information / Posted on January 28, 2020

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

Ministry of Information / Posted on January 28, 2020

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း BBC Media Action မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ

Ministry of Information / Posted on January 28, 2020

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် BBC Media Action မှ တာဝန်ရှိသူ များအား၊ ယနေ့ညနေ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယဝန်ကြီး (စွမ်းအင်) ဒေါက်တာထွန်းနိုင် L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနား ကျင်းပ

Ministry of Information / Posted on January 28, 2020

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင့်လှစ်သည့်ရေနံ ဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ၌ကျင်းပသည်။