ကလေးမြို့၌ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးနှင့် ဒေါပုံမြို့နယ်၌ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကလေးမြို့၌ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးနှင့် ဒေါပုံမြို့နယ်၌ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / June 29, 2025
image_latest


နေပြည်တော် ဇွန် ၂၈

ကလေးမြို့၌ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးနှင့် ဒေါပုံမြို့နယ်၌ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန် ၂၆ ရက် ညနေ ၅နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် နယ်မြေ (၂) မနောသုခလမ်းတွင် မွန်မွန်အောင် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀) ဖမ်းဆီးရမိသဖြင့် မွန်မွန်အောင် (၃၅) နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။

အလားတူ ဇွန် ၂၇ ရက် နံနက်ပိုင်းတွင် သတင်းအရ ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် ဗိုလ်မြတ်ထွန်းလမ်းတွင် လမ်းလျှောက်လာသူ ဖူးပွင့်သွယ် (ခ) စန်းစန်းထွေး (ခ) သေးသေးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် သိန်း ၄၀၀) ဖမ်းဆီးရမိသဖြင့် ဖူးပွင့်သွယ် (ခ) စန်းစန်းထွေး (ခ) သေးသေး (၂၉) နှစ်အား မူးယစ် ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်