ကျွန်းစုမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး

ကျွန်းစုမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / October 01, 2025
image_latest


ကျွန်းစု အောက်တိုဘာ ၁

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင်  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ရှိသူများသည် ကျွန်းစုမြို့ ညောင်ဘီးကျေးရွာအုပ်စု ပဲယာကျေးရွာသို့သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် မိုးစပါးစိုက်ခင်းများကို ကွင်းဆင်းစစ်ဆေး သည်။

စစ်ဆေးရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်စိမ့်ထွန်းနှင့် ဝန်ထမ်း များ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌတို့က မိုးစပါးစိုက်ပျိုးသည့် အဆိုပါ‌ ပဲယာကျေးရွာရှိ ဦးပိုင် အမှတ်(၈၄)၌ အသင်းသားတောင်သူ ဦးကြည်လင်း စိုက်ပျိုးထားသော မိုးစပါးစိုက်ခင်းများမှ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် ကွင်းဆင်းကြည့်ရှုသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိက မိုးစပါးစိုက်ခင်းများတွင် မြေဩဇာများ အချိန်ကိုက်အချိုးကျ ထည့်သွင်းရေး၊ ပိုးမွှားရောဂါကျရောက်မှုမရှိစေရေး စိုက်ပျိုးသည့် နည်းစနစ် မှန်ကန်စေရေးအတွက် ဂရုစိုက်ဆောင်ရွက်သွားရန်နှင့် အသင်းမှ လိုအပ်သည့် သွင်းအားစုများရရှိရေး အတွက် မြို့နယ်သမဝါယမအသင်းစုနှင့် ချိတ်ဆက်ဆောင်ရွက်ပေးကာ ပန်းတိုင်အထွက်နှုန်းရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)

တနင်္သာရီတိုင်းဒေသကြီး

HOT NEWS
January 4,