စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဟန်လင်းဒေသတွင် ရှေးဟောင်းအမွေအနှစ်များတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဟန်လင်းဒေသတွင် ရှေးဟောင်းအမွေအနှစ်များတွေ့ရှိ


Sagaing Region Government/ Monywa / September 22, 2020


စစ်ကိုင်းတိုင်းဒေသကြီး၊ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ ဟန်လင်းတွင် စေတီတော်ပစ္စယံ (၁)ခု၊ စေတီပစ္စယံအောက်ခံပြား (၁)ခု၊ စေတီခေါင်းလောင်းပုံ (၁)ခု၊ ထီးတော် ဖောင်းရစ်(၆)ရစ်၊ ဓာတ်တော်တိုက်၊ ငှက်ပျောဖူး (စိန်ဖူးပါ)၊ ငွေနန်းကြိုးအပိုင်းအစ(၃)ခု၊ ငွေပြား အပိုင်းအစ(၂)ခု၊ ပစ္စည်းစုစုပေါင်းအလေးချိန်မှာ ရွှေ(၄)ကျပ်သားခန့်နှင့် ငွေသတ္တုရော (၆)ကျပ်သား ခန့်ဖြစ်ပြီး၊ အဆိုပါပစ္စည်းများအား(၂၀.၉.၂၀၂၀)ရက်နေ့တွင် ဟန်လင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ လာရောက်အပ်နှံခဲ့ရာ အဆိုပါပစ္စည်းများအား (၂၁.၉.၂၀၂၀) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဉီးစီးဌာန၊ စစ်ကိုင်းဌာနခွဲသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပါသည်၊၊
အဆိုပါပစ္စည်းများတွေ့ရှိခဲ့သူအား ရှေးဟောင်းပစ္စည်းများအတွက် တန်ဘိုးသင့်မချီးမြှင့်မီ ကာလတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ငွေကျပ် (၂၆)သိန်းအား ကြိုတင် ပေးအပ်ထားခဲ့ပါသည်။

​​​​​​​

HOT NEWS
January 4,