တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့မ(၂)ရပ်၊ မြခွာညိုလမ်းတွင် နေအိမ်မီးလောင်မှု 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့မ(၂)ရပ်၊ မြခွာညိုလမ်းတွင် နေအိမ်မီးလောင်မှု 


Ministry of Home Affairs/ နေပြည်တော် / April 23, 2024


     ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၀ ရက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့မ(၂)ရပ်၊ မြခွာညိုလမ်းတွင် အိမ်ရှင် ဦးထွန်းဦး၏ ၂၀x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ အုတ်ညှပ် နှစ်ထပ်နေအိမ်၏ အပေါ်ထပ်ဘုရားစင်တွင် လျှပ်စစ်မီးပူဇော်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ် တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ၁၅ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၂၀x၃၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ အုတ်ညှပ် နှစ်ထပ်နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဦးထွန်းဦးအား မြိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,