တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ပို့ဆောင်


Ministry of Information/ Naypyitaw / January 03, 2022
image_latest


နေပြည်တော်၊ ဇန်နဝါရီ - ၂

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ် နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများကို တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold  Chain Delivery  Logistics မော်တော် ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ် ဆေးသို လှောင်ခန်း၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း၌ ထားရှိသောဆေးများကို ပုသိမ်မြို့ သို့ ဆေးတစ်လုံးလျှင် (၅) ယောက်ထိုးနိုင်သော Sinopharm ဆေး ၁၀၉၆ လုံး၊ ဆေးတစ်လုံးလျှင် (၂) ယောက်ထိုးနိုင်သော Sinovac ဆေး ၆၅၀၀ လုံး၊ ဆေးတစ် လုံးလျှင် (၁၁) ယောက်ထိုးနိုင်သော Covishield ဆေး ၃၀၉၁၀ လုံး၊ ရန်ကုန် မြို့သို့  ဆေးတစ်လုံးလျှင် (၅) ယောက်ထိုးနိုင်သော Sinopharm ဆေး ၁၇၈၉ လုံး၊ ဆေးတစ်လုံး လျှင် (၂) ယောက်ထိုးနိုင်သော Sinovac ဆေး ၅၉၀၇၆ လုံး၊  ဆေးတစ်လုံးလျှင် (၁၁)ယောက်ထိုး နိုင်သော Covishield ဆေး ၃၅၅၄၆ လုံး၊ နေပြည်တော် ကောင်စီနယ်မြေသို့  ဆေးတစ်လုံးလျှင် (၅) ယောက်ထိုးနိုင်သော Sinopharm ဆေး ၁၂၆၄ လုံး၊  ဆေးတစ်လုံးလျှင် (၂) ယောက်ထိုးနိုင်သော Sinovac ဆေး ၂၇၅၆ လုံး၊  ဆေးတစ်လုံးလျှင် (၁၁) ယောက်ထိုးနိုင်သော Covishield ဆေး ၂၉၃၇ လုံး၊ တောင်ကြီးမြို့သို့  ဆေးတစ်လုံးလျှင် (၅) ယောက်ထိုး နိုင်သော Sinopharm ဆေး အလုံး ၃၀၀၊ ဆေးတစ်လုံးလျှင် (၂) ယောက်ထိုး နိုင်သော Sinovac ဆေး ၁၀၀၀၈ လုံး၊ ဆေးတစ်လုံးလျှင် (၁၁) ယောက်ထိုး နိုင်သော Covishield ဆေး ၁၃၆၃၇ လုံး၊ ဘားအံမြို့သို့  ဆေးတစ်လုံးလျှင် (၅) ယောက်ထိုးနိုင်သော Sinopharm ဆေး ၁၃၇ လုံး၊  ဆေးတစ်လုံးလျှင် (၁၁) ယောက်ထိုးနိုင်သော Covishield ဆေး ၉၇၃၇ လုံး၊ မော်လမြိုင်သို့  ဆေးတစ်လုံး လျှင် (၅) ယောက်ထိုးနိုင်သော Sinopharm ဆေး အလုံး ၃၀၆ လုံး၊ ဆေးတစ်လုံး လျှင် (၂) ယောက်ထိုးနိုင်သော Sinovac ဆေး ၄၀၀၀ လုံး၊ ဆေးတစ်လုံးလျှင် (၁၁) ယောက်ထိုးနိုင်သော Covishield ဆေး ၄၅၄၆ လုံး၊ ပဲခူးမြို့သို့  ဆေးတစ်လုံးလျှင် (၅) ယောက်ထိုးနိုင်သော Sinopharm ဆေး ၁၀၁၅ လုံး၊ ဆေးတစ်လုံးလျှင် (၂) ယောက်ထိုးနိုင်သော Sinovac ဆေး ၉၅၉၂၈ လုံး၊  ဆေးတစ်လုံးလျှင် (၁၁) ယောက်ထိုးနိုင်သော Covishield ဆေး ၁၃၉၁၀ လုံး၊ ပြည်မြို့သို့  ဆေးတစ်လုံးလျှင် (၅) ယောက်ထိုးနိုင်သော Sinopharm ဆေး ၁၀၁၅ လုံး၊  ဆေးတစ်လုံးလျှင် (၂) ယောက်ထိုးနိုင်သော Sinovac ဆေး ၅၄၀၇၂ လုံး၊ ဆေးတစ်လုံးလျှင် (၁၁) ယောက်ထိုးနိုင်သော Covishield ဆေး ၉၂၇၃ လုံး၊ မကွေးမြို့သို့  ဆေးတစ်လုံးလျှင် (၅) ယောက်ထိုးနိုင်သော Sinopharm ဆေး ၈၉၆ လုံး၊ ဆေးတစ်လုံးလျှင် (၂) ယောက်ထိုးနိုင်သော Sinovac ဆေး ၁၁၉၂၅ လုံး၊ ဆေးတစ်လုံးလျှင် (၁၁) ယောက်ထိုးနိုင်သော Covishield ဆေး ၉၀၉၁ လုံးတို့ကို Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ပေးခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,