ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြို့အခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ
ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ရန်ကုန်မြို့အခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / June 26, 2025

နေပြည်တော် ဇွန် ၂၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ရန်ကုန်မြို့ အခြေစိုက် ကာတာသံရုံးမှ သံရုံးယာယီတာဝန်ခံ Dr. Rashid Abdulla AL- Kuwari အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဧည့်တွေ့ခန်း၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုကို ၂၀၀၅ ခုနှစ်တွင် စတင်ခဲ့ပြီး နှစ်နိုင်ငံရေကြောင်းနှင့်လေကြောင်း ပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အပြန်အလှန်ပံ့ပိုးကူညီရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်