နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / June 05, 2025
image_latest


နေပြည်တော် ဇွန် ၄

နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ထမ်းသားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်ပညာသင် ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအမှတ် (၉) လောကနတ်ခန်းမ၌ကျင်းပ ရာဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်း သား/သမီးများတက်ရောက်ကြသည်။

အခမ်းအနားတွင်ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဦးကိုကိုကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင်အခြေခံပညာမူလတန်းအဆင့်မှ တက္ကသိုလ်အဆင့်အထိတက်ရောက် ပညာသင်ကြားလျက်ရှိ သောကျောင်းသားကျောင်းသူ စုစုပေါင်း ၂၄၁ ဦးအတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်

HOT NEWS
January 4,