နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ၌ ၂၀၂၄ ခုနှစ် သံတမန်သင်္ကြန်ပွဲတော် ကျင်းပ

နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ၌ ၂၀၂၄ ခုနှစ် သံတမန်သင်္ကြန်ပွဲတော် ကျင်းပ


Ministry of Information/ Naypyitaw / April 17, 2024
image_latest


နေပြည်တော် ဧပြီ ၁၆

၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူးအခါသမယကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်သင်္ကြန်ပွဲတော်ကို ယနေ့နံနက်ပိုင်း (သင်္ကြန်အတက်နေ့) တွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ မြက်ခင်းပြင်၌ ကျင်းပသည်။

သံတမန် သင်္ကြန်ပွဲတော်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး တက်ရောက်၍ နှစ်သစ်ကူးဆုမွန်ကောင်းစကားပြောကြားခဲ့ပြီး ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ/ အဖွဲ့ရုံးများမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည် တော်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ထို့နောက် တက်ရောက်လာကြသည့် သံတမန်များနှင့် ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံကာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လှပျိုဖြူများက သင်္ကြန်ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပါဝင်ဆင်နွှဲကြသူများက ပျော်ရွှင်စွာ အတူတကွ ရေပက်ကစားခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,