နံ့သာကျွန်းနှင့် မေယုမြစ်ဝကို ကမ္ဘာ့အဆင့်အရေးပါသော “ရမ်ဆာ” ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခြင်းခံရ

နံ့သာကျွန်းနှင့် မေယုမြစ်ဝကို ကမ္ဘာ့အဆင့်အရေးပါသော “ရမ်ဆာ” ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခြင်းခံရ


Ministry of Information/ ​နေပြည်တော် / May 22, 2020


နေပြည်တော် မေ ၂၁

နံ့သာကျွန်းနှင့် မေယုမြစ်အား ကမ္ဘာ့အဆင့်အရေးပါသည့် ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေ (Ramsar Site) အဖြစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီမှုအရ သစ်တောဦးစီးဌာနနှင့် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း (BANCA) တို့ ပူးပေါင်းအဆိုပြုခဲ့ရာ ကမ္ဘာ့ဝမျိုးစုံမျိုးကွဲနေ့ (International Day for Biological Diversity) Gewal မေ ၂ ရက်တွင် ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ် ရမ်ဆာကွန်ဗင်းရှင်း အတွင်းရေးမှူးရုံးမှ သတ်မှတ်လိုက်ကြောင်း သိရသည်။

နံ့သာကျွန်းနှင့် မေယုမြစ်ဝသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့နယ်အကြား တည်ရှိ ပြီး ရိယာအားဖြင့် ဟက်တာပေါင်း ၃၆၀၈ ဟက်တာ (၈၉၁၆ ကေခန့်) သာ ကျယ်ဝန်းသော်လည်း ငါး၊ ပုစွန်၊ ခရု၊ ကဏန်း စသည်တို့ ပေါကြွယ်ဝသော ရွှံ့နွံတော/ လတာပြင်များရှိသည့်အတွက် ဇီဝမျိုးစုံ မျိုးကွဲစုံလင်ပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိနေသော ကမ္ဘာပေါ်တွင် ကောင်ရေ ၄၀၀ ခန့်သာ ကျန်ရှိတော့သည့် ရေညှောင့်နှုတ် ဂိုင်းငှက်ကောင်ရေ ၂၃ ကောင်မှ ၃၆ ကောင်ခန့်အထိ နှစ်စဉ် လာရောက် ဆောင်းခိုလေ့ရှိသည့်အပြင် မျိုးသုဉ်းရန် အန္တရာယ်ရှိသော ပင်လယ်လိပ်ကြီးများလည်း တက်ရောက် ဥ အု ကျက်စားလေ့ရှိသော နေရာတစ်ခု ဖြစ်သည်။

နံ့သာကျွန်းနှင့် မေယုမြစ်ဝအား ရမ်ဆာကွန်ဗင်းရှင်း၏ စံသတ်မှတ်ချက်ကိုးခုအနက် စံသတ်မှတ်ချက် ငါးချက်နှင့် ကိုက်ညီသည့်အတွက် ရမ်ဆာရေဝပ်ဒေသထိန်းသိမ်း ရေးနယ်မြေအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။ ၎င်းစံသတ်မှတ်ချက် ငါးခုမှာ ရွှံ့နွံလတာပြင်များဖြင့် ထူးခြားကောင်းမွန်သည့် သဘာဝရေဝပ် ဒေသ အမျိုးအစားဖြစ်ခြင်း၊ မျိုးသုဉ်းလုနီးပါး အန္တရာယ်ကျရောက်လျက်ရှိသော ရေညှောင့်နှုတ်ဝိုင်းငှက် နှစ်စဉ် ကောင်ရေ ၂၃ ကောင်မှ ၃၆ ကောင်ခန့် လာရောက်ကျက်စားလျက်ရှိပြီး အခြားရှားပါး မျိုးစိတ်များဖြစ်သော နော့၊ နှုတ်သီးရှည်ပြီးမဲ၊ နှုတ်တို ရှည်ငှက်၊ ခြေစိမ်းပြောက်နှင့် တောငန်း ခေါင်းကြား စသည့်ရွှေ့ပြောင်းငှက်များလည်း လာရောက်ဆောင်းခိုသည့်နေရာဖြစ်သည့်အပြင် ကမ္ဘာ့ ရှားပါးပင်လယ်လိပ်မျိုးစိတ်များဖြစ်သည့် ပြင်သာလိပ်၊ လိပ်စောင်းလျားနှင့် လိပ်လောင်းတို့ ဥအု ကျက်စားသည့် နေရာဖြစ်ခြင်း၊ ယင်းသို့ဆောင်းခိုငှက်များ ရွှေ့ပြောင်းကျက်စားခြင်းနှင့် ပင်လယ်လိပ်များ တက်ရောက်ဥအုခြင်းတို့ကြောင့် မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များ၏ ဇီဝစက်ဝန်းအရ အရေးပါသည့်နေရာဖြစ်ခြင်း၊ ရေညှောင့်နှုတ်ဝိုင်းငှက်၊ ခြေစိမ်းမြောက်နှင့် တောငန်း ခေါင်းကြား စသည့်ရှားပါးငှက်များ ကမ္ဘာ့စုစုပေါင်းကောင် ရေ၏ ၁ % ကျော် လာရောက်ကျက်စားသည့် နေရာဖြစ်ခြင်းနှင့် ကမ်းရိုးတန်းတစ်လျှောက်ရှိ ဒီရေရောက် သစ်တောများသည် ငါး၊ ပုစွန်၊ ကဏန်းတို့ သားပေါက် ရှင်သန်ကျက်စားရာနေရာ ဖြစ်ခြင်းတို့ကြောင့် ရမ်ဆာ ရေဝပ်ဒေသ ထိန်းသိမ်းရေး နယ်မြေအဖြစ် သတ်မှတ်ခံရ ခြင်းဖြစ်သည်။

နံ့သာကျွန်းနှင့် မေယုမြစ်ဝသည် အရှေ့အာရှဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (FAFP) ကွန်ရက်နယ်မြေတစ်ခုလည်းဖြစ်ပြီး ထိန်းသိမ်း ကာကွယ်မှုအား စနစ်တကျ ဆောင်ရွက်နိုင်ရန် သဘာဝ ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။ ၂ဝ၂ဝ ပြည့်နှစ်၏ ကမ္ဘာ့ဇီဝ မျိုးစုံမျိုးကွဲနေ့ ဆောင်ပုဒ်ဖြစ်သည့် “Our solutions are in nature” အရ လူသားများလိုအပ်ချက် အတွက် ဖြေရှင်းမှုများသည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်မှုအပေါ်တွင် မူတည်သည်ဖြစ်ရာ သယံဇာတအရင်း အမြစ်များကို သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီစွာ ထိန်းသိမ်းကာကွယ်ရန်၊ စီမံအုပ်ချုပ်ရန်နှင့် အသုံးပြုရန် လိုအပ်သည်။

မြန်မာနိုင်ငံတွင် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၀၀၄)၊ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော (၂၀၁၆)၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၀၁၇)၊ အင်းလေး ကန်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော (၂၀၁၈)၊ မုတ္တမပင်လယ်ကွေ့ဒေသ(၂၀၂၀) တို့အား ရမ်ဆာဒေသ အဖြစ် သတ်မှတ်ထားပြီးဖြစ်၍ နံ့သာကျွန်းနှင့် မေယုမြစ်ဝသည် ဆဋ္ဌမမြောက် ရမ်ဆာ ဒေသဖြစ်လာ သည့်အတွက် ယခုအခါ မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့် အရေးပါသော ရမ်ဆာရေဝပ်သခြောက်ခု၊ ရိယာ ၂၇၈၆၆၉ ဟက်တာရှိလာပြီ ဖြစ်သည်။

မြန်မာနိုင်ငံသည် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂၀၀၅ ခုနှစ် ကတည်းက စတင်ဝင်ရောက်ခဲ့ပြီး နိုင်ငံအတွင်းရှိ ရေဝပ် ဒေသအားလုံးကို ဒေသခံများ၏ အခြေခံစားဝတ်နေရေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် လျော့နည်းစေခြင်း၊ ထိန်းညှိခြင်းတို့အတွက် အကျိုးရှိစွာအသုံးချခြင်း၊ နိုင်ငံတကာ အဆင့်အရေးပါသော ရေဝပ်ဒေသများ (ရမ်သာဒေသ) ကို ထိန်းသိမ်းခြင်း၊ စီမံအုပ်ချုပ်ခြင်းနှင့် ပူးတွဲပိုင်ဆိုင်သည့် ရေအရင်းအမြစ်များနှင့် မျိုးစိတ်များအပေါ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း စသည့်ကွန်ဗင်းရှင်း အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ရမ်ဆာဒေသ အဖြစ် သတ်မှတ်ရန် အလားအလာကောင်းမွန်သည့် ရေဝပ်ဒေသ အများအပြားရှိရာ ကွန်ဗင်းရှင်း၏ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုကို ဆန်းစစ်၍ ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေးနယ်မြေအဖြစ် အဆိုပြုခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

HOT NEWS
January 4,