ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး


Ministry of Education/ Naypyitaw / April 20, 2025


နေပြည်တော် ၂၀၂၅ ဧပြီ ၂၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်၊ မိတ္ထီလာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း (ရှမ်းတဲ)၊ အခြေခံပညာအထက်တန်းကျောင်း(တောမ)နှင့် အခြေခံပညာ အထက်တန်းကျောင်း (ချည်စက်)သို့သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကျောင်း ဆောင်၊ စာသင်ဆောင်နှင့် ခန်းမများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ဖြည့်ဆည်းကာ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ငလျင်ဒဏ်သင့်ပညာရေးဝန်ထမ်း ဆရာ ဆရာမများ အား တွေ့ဆုံပြီး ပြင်းထန်သည့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာမည့်ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန် တွင် ကျောင်းသား ကျောင်းသူများ ပညာသင်ယူနိုင်ရေးအတွက် စနစ်တကျ ကြိုတင်ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ ကျောင်းဆောင်၊ စာသင်ဆောင်နှင့်ကျောင်းဝန်းအတွင်း သန့်ရှင်းမှုများကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းများအလိုက် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆောက်အအုံများ  ပိုမိုကောင်းမွန်ခိုင်ခံ့မှုရှိစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်း မထိခိုက်စေ ရေး ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,