ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / October 24, 2025
နေပြည်တော် အောက်တိုဘာ ၂၃
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Ms. Gwyn Lewis ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂအဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောစီမံကိန်းများ ပိုမိုအကျိုးရှိထိရောက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ဖွဲ့စည်းထားသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအောက်ရှိ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကော်မတီအနေဖြင့် နိုင်ငံတော်အစိုးရ၏ ငလျင်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ဦးစားပေးစီမံကိန်းများကို ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ဆောင်ရွက်ဆဲလုပ်ငန်းအစီအစဉ်များအတွင်း ပေါင်းစည်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြည်ထောင်စုဝန်ကြီးရုံးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ UNRCO ရုံးမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်
