ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

ပြည်ပနိုင်ငံများ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့


Ministry of Information/ Naypyitaw / January 23, 2021
image_latest


နေပြည်တော်    ဇန်နဝါရီ   ၂၂

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့်   အိန္ဒိယနိုင်ငံတွင်  အခက်အခဲ ကြုံတွေ့နေရသည့်    မြန်မာနိုင်ငံသား   ၄၇    ဦးအား နယူးဒေလီမြို့ရှိ     မြန်မာသံရုံးမှစီစဉ်သည့်   Air India လေကြောင်း   ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ   ယနေ့မွန်းလွဲ ၂  နာရီခွဲတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ထို့ပြင်    စင်ကာပူနိုင်ငံတွင်   အခက်အခဲကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသား  ၁၄၆ ဦးအား  စင်ကာပူမြို့ရှိ မြန်မာသံရုံးမှစီစဉ်သည့်   (၃၇)  ကြိမ်မြောက်  မြန်မာအမျိုးသားလေကြောင်း     (MNA)     ကယ်ဆယ်ရေးလေယာဉ်ဖြင့်  မြန်မာနိုင်ငံသို့    ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင်  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ခဲ့ကြသည်။

၎င်းတို့    ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင်    လူဝင်မှုကြီးကြပ်ရေး၊   ကျန်းမာရေး စစ်ဆေးရေး၊ သီးသန့်စီစဉ်ပေးသည့်နေရာ/ သတ်မှတ်ဟိုတယ်များ၌ အသွားအလာကန့်သတ်မှု (၁၄)ရက်နှင့် နေအိမ်တွင်  အသွားအလာကန့်သတ်မှု (၇) ရက်  နေထိုင်စေရေးတို့ကို အလုပ်သမား၊  လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ      သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြသည်။

ပြည်ပနိုင်ငံများတွင်  အခက်အခဲကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသားများနှင့် သင်္ဘောသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ      နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်      သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ    မြန်မာသံရုံးများနှင့်    ပူးပေါင်း  ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,