ဘားအံမြို့နယ် လဆန်း-ကိုင်လောင်ဆယ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတည်ဆောက်နေမှု စစ်ဆေး

ဘားအံမြို့နယ် လဆန်း-ကိုင်လောင်ဆယ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတည်ဆောက်နေမှု စစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / October 21, 2025
image_latest


ဘားအံမြို့နယ် လဆန်း-ကိုင်လောင်ဆယ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတည်ဆောက်နေမှု စစ်ဆေး

************************************************************************

ဘားအံ  အောက်တိုဘာ     ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေဖြင့် လဆန်း-ကိုင်လောင်ဆယ် ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတည်ဆောက်နေမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းဇော်၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ခိုင်သဇင်ညိုနှင့် တာဝန်ရှိသူများက လဆန်း-ကိုင်လောင်ဆယ်ကျေးရွာချင်းဆက်လမ်းပေါ်၌ တံတားတည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရန် လိုအပ်သည်များ မှာကြားခဲ့သည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းပေါ်၌ အရှည်ပေ ၄၀၊ အကျယ် ၁၄ပေ၊ ထု ရှစ်လက်ရှိ ကွန်ကရစ်တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၁၃၇ ဒသမ ၉ သန်း အသုံးပြုကာ တင်ဒါအောင်မြင်သည့် Next Galaxy ကုမ္ပဏီက ယခုနှစ်  ဇွန် စတုတ္ထပတ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၂၀ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆက်လူ

HOT NEWS
January 4,