မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဌာန၊ ပုဂ္ဂလိက၊ တောင်သူများ ပူးပေါင်းပါဝင်သော နည်းပညာဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဌာန၊ ပုဂ္ဂလိက၊ တောင်သူများ ပူးပေါင်းပါဝင်သော နည်းပညာဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / March 29, 2024
image_latest


နေပြည်တော် မတ် ၂၈

မကွေးတိုင်းဒေသကြီး၏ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မကွေးမြို့တော် ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ သုတေသီပညာ ရှင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိ သူများ၊ ဆီစက်လုပ်ငန်းရှင်များ နှင့် နှမ်းကုန်သည်များအသင်း တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တောင်သူဖွံ့ဖြိုးရေးအဖွဲ့ ကိုယ်စား လှယ်များနှင့် ဒေသခံတောင်သူ များ တက်ရောက်ကြသည်။

ဈေးကွက်ရရှိနိုင်ရေး

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ကပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်မှုမှသည် ပြည်ပသို့စားသုံးဆီတင်ပို့ နိုင်သည်အထိမျှော်မှန်းပြီးမျိုး၊ မြေ၊ရေ၊ နည်းပညာ စသည့်လိုအပ်ချက်များ စနစ်တကျစီမံဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တစ်ချိန်တည်းတွင် လယ်ယာကဏ္ဍ၏ သီးနှံထုတ်လုပ်မှုမြင့်မားရေး၊ အရည်အသွေးကောင်းမွန်ရေး လုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် ဈေးနှုန်းသေချာသည့် ခိုင်မာသော ဈေးကွက်များ ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

လိုအပ်ချက်ပြည့်မီစေရန်

၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေး နှစ်တွင် ပြည်တွင်းစားသုံးဆီ လိုအပ်ချက်ပြည့်မီစေရန် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာသီးနှံများ ကို ဇုန်အလိုက်စိုက်ပျိုးမည့် စီမံ ချက်အား ၂၀၂၄ - ၂၀၂၅ ခုနှစ်မှ စတင်ပြီး ရေးဆွဲဆောင်ရွက်လျက် ရှိ ကြောင်း၊ မကွေးတိုင်းဒေသကြီး၌ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် ရေမြေသဘာဝအခြေခံနှင့် အခွင့်အလမ်းများ၊ အခြေအနေကောင်းများ ရှိနေသည့်အတွက် ယနေ့ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများ၊ ဒေသခံလုပ်ငန်းရှင်များ အနေဖြင့် တောင်သူများအကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးကိုရှေးရှုပြီး အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မကွေးတိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဆီထွက်သီးနှံမြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဆောင် ရွက်နေမှုများ၊ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသ ၏ လယ်ယာစီးပွားရေး ဖွံ့ဖြိုးမှု အခွင့်အလမ်းများကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် မြေပဲ၊ နှမ်း၊ နေကြာစိုက်တောင်သူများက ဆီထွက်သီးနှံများတိုးတက် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်သည့်စိန်ခေါ်မှုများ၊ လိုအပ်ချက်များကိုတင်ပြကြရာ ဦးစီးဌာနညွှန်ကြားရေးမှူး ချုပ်များက သက်ဆိုင်ရာကဏ္ဍများ အလိုက် ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက် ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် စိုက်ပျိုး ရေးဦးစီးဌာနတို့မှ သုတေသီများ၊ ပညာရှင်များက ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးထုတ် လုပ်မှုတိုးတက်မြင့်မားရေး နည်း ပညာရပ်ဆိုင်ရာများကို ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ တောင်သူများက သိရှိလိုသည်များ ကို မေးမြန်းခြင်း၊ သုံးသပ်ဆွေးနွေး အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။

တိုးတက်ထုတ်လုပ်နိုင်ရေး

၂၀၂၄-၂၀၂၅ ခုနှစ် ဆီထွက် သီးနှံများ တိုးတက်ထုတ်လုပ်နိုင် ရေးလျာထားရာ၌ တစ်နိုင်ငံလုံးရှိ မြေပဲ၊ နှမ်း၊ နေကြာစိုက်ဧရိယာ၏ ၃၈ ရာခိုင်နှုန်းဖြစ်သော ဧက ၃သန်းတွင်မြေပဲတစ်ဧက ၅၆ တင်း နှုန်း၊ နှမ်း တစ်ဧက ၁၂ တင်းနှုန်း၊ နေကြာ တစ်ဧက ၂၅ တင်းနှုန်း အထွက်ရရှိအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိရာ အထူးဇုန်များအဖြစ် တိုင်း ဒေသကြီး၊ ပြည်နယ် ခုနစ်ခုတွင် ဇုန် ၁၂ ခု သတ်မှတ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံ စိုက်ဧက စုစုပေါင်းဧက ၂၃ သိန်း ကျော်စိုက်ပျိုးလျက်ရှိသည့် မကွေး တိုင်းဒေသကြီး၌ စိုက်ပျိုးရေ သေချာပြီး ဆီထွက်သီးနှံဖြစ်ထွန်းမှု အလားအလာကောင်းသည့် ဧက ၁၃ သိန်း ၄ သောင်းကျော် တွင် အထူးဇုန်နှစ်ခု သတ်မှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,