မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ပြည်သူများအတွက် လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်း

မန္တလေးငလျင်ကြီးဘေးဒဏ်သင့်ပြည်သူများအတွက် လူသုံးကုန်ပစ္စည်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်း


Ministry of Information/ Naypyitaw / June 03, 2025
image_latest


နေပြည်တော် ဇွန် ၂

Huawei Technologies (Yangon) Co.,Ltd က မန္တလေးငလျင်ဘေးဒဏ် သင့်ပြည်သူများအတွက် လိုအပ်သည့် ထောက်ပံ့မှုများဆောင်ရွက်နိုင်ရန် လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC)သို့ ယနေ့မွန်းလွဲပိုင်းတွင် လာရောက်ပေးအပ်လှူဒါန်းရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

အလှူပစ္စည်းများပေးအပ်ပွဲသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာနအဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်တို့ တက်ရောက်ခဲ့ကြောင်းနှင့် ပစ္စည်းများကို ကျန်းမာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,