မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံဆွေးနွေး
မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံဆွေးနွေး
Ministry of Education/ Naypyitaw / August 29, 2025
နေပြည်တော် ၂၀၂၅ ဩဂုတ် ၂၉
မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင်ကျင်းပရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ မြို့မိမြို့ဖများနှင့် ကျောင်းသားဟောင်းများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့် ရာပြည့်သဘင် အောင်မြင်စွာ ကျင်းပနိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျောင်းသားဟောင်းများ၊ မျိုးဆက်သစ် လူငယ်ကျောင်းသားများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီးများက ဖွင့်ပွဲအခမ်းအနား အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများ၊ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်၊ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်နှင့် ကျောင်းသားဟောင်းများက မန္တလေးတက္ကသိုလ် ရာပြည့်သဘင်အောင်မြင်စွာကျင်းပရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။