မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / January 25, 2026
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးရမိမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၄ ရက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက ဘီးလင်းမြို့နယ်၊ ဗိုလ်တေဇရပ်ကွက်၊ ဘီးလင်း-နတ်ကြီးသွားလမ်းပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ သန်းအောင်လင်း(၂၃)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော် တော်ဆိုင်ကယ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သန်းအောင်လင်း အား ဘီးလင်းမြို့မရဲစခန်း (ပ)၂၃/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။