မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်ရှိ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်ရှိ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Ministry of Home Affairs/ နေပြည်တော် / June 20, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်ရှိ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်လင်းထွေးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ် ဆရာမကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။