မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၌ နေအိမ် မီးလောင်မှု

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၌ နေအိမ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 12, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က မွန်ပြည်နယ်၊ သံဖြူဇရပ် မြို့နယ်၊ ပငကျေးရွာရှိ ပိုင်ရှင် ဦးသိန်းဝင်း(၅၅)နှစ်၏ ၂၀x၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်အပေါ်ထပ်၌ ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ မွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၄၀မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၃၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ် နေအိမ်အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် သိန်းဝင်း အား သံဖြူဇရပ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။