ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများဆိုင်ရာ စီမံချက်များ ညှိနှိုင်း

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်နေသည့် လုပ်ငန်းများဆိုင်ရာ စီမံချက်များ ညှိနှိုင်း


Ministry of Information/ Naypyitaw / January 14, 2021
image_latest


 

နေပြည်တော် ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင် အထည်ဖေါ်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကော်မတီဝင် ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့တို့က ပူးပေါင်းအကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိရာ အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ အရေးကြီးသော ကဏ္ဍများ  ပြန်လည် သုံးသပ်ညှိနှိုင်းခြင်းကို ယနေ့နံနက်ပိုင်း တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ဝန်ကြီး ဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက် ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရခိုင်ပြည် နယ် ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အ ထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၃)နှစ်တာ ကာလ အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အရေး ကြီးသော ကဏ္ဍများဖြစ် သည့် နိုင်ငံသား ဖြစ်မှု၊ လွတ်လပ်စွာ သွားလာခွင့်နှင့် IDP ကိစ္စရပ်များတွင် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ချက်များအပေါ် သုံးသပ်ညှိနှိုင်းရန် လိုအပ်ကြောင်း၊ လက်ရှိ ဆောင်ရွက်နေသည့်လုပ်ငန်းများကို ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ပိုမိုအရှိန် အဟုန်မြှင့်တင် ဆောင်ရွက်နိုင် ရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံအတွင်း နေထိုင် သူများအနေဖြင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ သတ်မှတ်ချက်များနှင့်အညီ နိုင်ငံသားစိစစ်မှုခံယူခြင်းနှင့် ရရှိသင့် သည့် အခွင့်အရေးများကို တစ်ပါတည်း ရရှိခံစား နိုင်ရေး သည် အရေးကြီးပါကြောင်း၊ သက်ဆိုင် ရာ တာဝန်ရှိ ဌာနအဖွဲ့အစည်းများအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ မိမိတို့ စိစစ် ဆောင်ရွက် ပေးရန်ရှိသည် များကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက် ပေးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

 ယခု အကောင်အထည် ဖော်ဆောင်ရွက် နေသည့် ကာလအတွင်း လက်တွေ့အခြေ အနေ၌ လုပ်ငန်း အဆင့်ဆင့်တွင် ကြုံတွေ့နေရ သည့် အခက်အခဲများကို ပူးပေါင်း ဖြေရှင်းရန် နည်းလမ်းများရှာဖွေရန် လိုအပ် ကြောင်း၊ ဤလုပ်ငန်းစဉ်များသည် ရေရှည်တွင်လည်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်၍ ပြီးစီးရန် အချိန်ကာလ သတ်မှတ်ခြင်းမပြု နိုင်သော်လည်း ပြီးစီးနိုင်သည့် လုပ်ငန်းပမာဏကို သတ်မှတ်၍ ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း အကောင် အထည်ဖော် သည့်လုပ်ငန်း ရပ်တိုင်းတွင် ဥပဒေအရ ခံစားခွင့်ရှိသူများနှင့် ဒေသတွင်းနေထိုင်သူအားလုံး သဘောပေါက် သိရှိပြီး ပူးပေါင်း ဆောင်ရွက်ကြရန် ပညာပေးမှုများ၊ ဆွေးနွေးညှိနှိုင်းမှုများနှင့် ဥပဒေနှင့်အညီ အမှန်တကယ်ခံစားရရှိမှုများ သေချာစေရန် လူမှု သဟဇာတဖြစ်ရေး ကြိုးပမ်းဆောင် ရွက်မှုများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစိုးရက ဥပဒေနှင့် အညီ ဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် ပိုမို စနစ်တကျဖြစ်ပြီး သွက်လက် မြန်ဆန်သော အကောင်အထည်ဖော် မှုများကို ဦးတည်နိုင်ရေး ဝိုင်းဝန်း ဆွေးနွေးအကြံ ပြုကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင် အထည် ဖော်ဆောင်ရွက်ရေး ကော်မတီ ဒုတိယဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးခင်မောင်တင်၊ ကော်မတီ တွဲဖက်အတွင်းရေးမှူး လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ပြန်လည် ထူထောင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး တည်ဆဲဥပဒေများ၊ အမိန့် ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များ၊ တွေ့ကြုံခဲ့ ရသည့်အခက်အခဲနှင့် စိန်ခေါ်မှုများ၊ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် နိုင်ရန် ကဏ္ဍအလိုက် လိုအပ်သောဖြည့်ဆည်း ပေါင်းစပ်ပေးရန်ကိစ္စများစသည်တို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,