ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူဓာတ်အားခွဲရုံနှင့် သိမ်ကုန်း ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူဓာတ်အားခွဲရုံနှင့် သိမ်ကုန်း ဓာတ်အားခွဲရုံ ဖွင့်ပွဲ အခမ်းအနားများ ကျင်းပ


Ministry of Information/ Naypyitaw / November 22, 2020
image_latest


ရန်ကုန် နိုဝင်ဘာ ၂၂   

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင်းမှ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဓာတ်အားခွဲရုံနှင့် ဥက္ကံမြို့ သိမ်ကုန်း ဓာတ်အားခွဲရုံတို့၏ ဖွင့်ပွဲအခမ်းအနားများကို ယနေ့တွင် အဆိုပါဓာတ်အားခွဲရုံများ၌  ကျင်းပသည်။

အခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဥက္ကဋ္ဌနှင့် အရာထမ်း၊ အမှုထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများတက်ရောက်ကြသည်။

ရှေးဦးစွာ   တိုက်ကြီးမြို့နယ်ရှိ 33/11 kV, 5MVA ဂျိုးဖြူဓာတ်အားခွဲရုံ   ကမ္ဗည်း ကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးတင်ရှိန်တို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွေးနံ့သာများ ပက်ဖြန်းပေးကာ ခွဲရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ယင်းနောက်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် တိုက်ကြီး မြို့နယ် ဥက္ကံမြို့ရှိ 33/11 kV, 5 MVA သိမ်ကုန်းဓာတ်အားခွဲရုံဖွင့်ပွဲ၌ အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရန်ပုံငွေအသုံးပြု၍ ရန်ကုန် တိုင်းဒေသ ကြီးအတွင်း တည်ဆောက်ခဲ့သော ဓာတ်အားခွဲရုံ (၁၃)ရုံရှိရာ မြောက်ပိုင်း ခရိုင်အတွင်း တည်ဆောက် ရန်ဖြစ်သော ဓာတ်အားခွဲရုံ (၆) ရုံ အနက် မှော်ဘီမြို့နယ်တွင် 33/11 kV, 5 MVA ခွဲရုံများဖြစ်သည့် ရေကျော်ဓာတ်အားခွဲရုံနှင့် ဝါးနက် ချောင်းဓာတ်အားခွဲရုံ (၂) ရုံတို့ကိုလည်းကောင်း၊ ထန်းတပင် မြို့နယ်အတွင်း 33/11 kV,  5 MVA ခွဲရုံများ ဖြစ်သည့် ကျူတော ဓာတ်အားခွဲရုံနှင့် တက်သစ်ကျွန်း ဓာတ်အားခွဲရုံတို့ကို လည်းကောင်း ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ ယနေ့တွင် တိုက်ကြီး မြို့နယ်ရှိ 33/11 kV, 5 MVA  ဂျိုးဖြူခွဲ ရုံအားဖွင့်လှစ်ပေးခဲ့ပြီး၊ ယခုအခါ 33/11 kV, 5 MVA သိမ်ကုန်း ခွဲရုံအား ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း။

ယခုကဲ့သို့ ဓာတ်အားခွဲရုံများ တိုးချဲ့တည် ဆောက်ပေးနိုင်ခဲ့သဖြင့် ကျေးရွာပေါင်း (၁၂ )ရွာ၊ အိမ်ထောင် စုပေါင်း (၈၀၀) ကျော်မှာ တည်ငြိမ်ပြည့်ဝသည့် လျှပ်စစ်ဓာတ်အားကို တိုးမြှင့်သုံးစွဲ လာနိုင်မည်ဖြစ်ကြောင်း၊ ယနေ့အထိ မြောက်ပိုင်းခရိုင်အတွင်း 33/11 kV, 5 MVA ဓာတ်အားခွဲရုံသစ် စုစုပေါင်း(၆) ရုံကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်းပြီး မိမိတို့၏ရည်မှန်းချက်ဖြစ်သည့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ် ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးခွဲရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံ များတည်ဆောက်၍ ဓာတ်အား ဖြန့်ဖြူး ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ ကျေးလက်ဒေသများသို့ လျှပ်စစ် ဓာတ်အားရရှိရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ကျေးလက် နေပြည်သူများ အားလုံး (၁၀၀ ရာခိုင်နှုန်း) အထိ လျှပ်စစ်ဓာတ်အား ရရှိအောင် ရည်မှန်း ချက်ထား စီမံဆောင်ရွက် လျက်ရှိကြောင်း၊ သို့ပါ၍ လျှပ်စစ်မီးထပ်မံရရှိ သွားသည့် ပြည်သူများအနေဖြင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ပညာရေးအစစ ထပ်မံတိုးတက်လာမည်ဖြစ် ကြောင်း ပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်စိုးမင်းက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် သိမ်ကုန်းဓာတ်အားခွဲရုံ ကမ္ဗည်းကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလွင်စိုးမင်းတို့က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးပြီး အမွေးနံ့သာများ ပက်ဖြန်းပေးကာ ခွဲရုံအတွင်း လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,