ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ အဆောက်အအုံ မီးလောင်မှု
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ အဆောက်အအုံ မီးလောင်မှု
Ministry of Home Affairs/ Naypyitaw / November 24, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ ၅၂ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်၌ ပိုင်ရှင် ဦးအိုက်ဆိုက်၏ ၁၀၀ x ၈၀ ပေ၊ သွပ်မိုး၊ RC တစ်ထပ် အဆောက်အအုံအား ကာရာအိုကေဖွင့်လှစ်ရန်အတွက် အခန်းပြင်ဆင်ရာတွင် ဝရိန်ဆော်ရာမှ အနီးရှိ ဆိုဖာပေါ်သို့ မီးပွားကျပြီး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ခြောက်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ဆိုဖာထိုင်ခုံ နှစ်ခုံ၊ ၇၅ လက်မ LED TV တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်တာဝန်ခံ ရန်နောင်စိုး အား တာချီလိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
