သတင်းတင်ပြခြင်း

သတင်းတင်ပြခြင်း


Sagaing Region Government/ Monywa / October 23, 2020


စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့နယ် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယူနိုက်တက်တာယာဂရု (UTG) ကုမ္ပဏီမှ West Lake တာယာ (၃၆) လုံးအား ကလေးမြို့ National ကားပစ္စည်းဆိုင်မှတဆင့် COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်လျှက်ရှိကြသော မော်တော်ယာဉ် (၁၈) စီးတွင် တပ်ဆင်အသုံးပြုရန်အတွက် National ကားပစ္စည်း ဆိုင်ရှေ့၌ ပေးအပ်လှူဒါန်းခဲ့ရာ ကလေးခရိုင် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ် ရေးမှူး ဦးခင်မောင်ချိုမှ လက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည် ပေးအပ် ခဲ့ပါကြောင်းနှင့် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကူညီဆောင်ရွက် ပေးလျှက်ရှိသော မော်တော် ယာဉ်မောင်း(၁၈)ဦး အတွက် တစ်ဦးလျှင် Mask (၅) ဗူး၊ လက်အိတ် (၁) ဗူး၊ ဆန် (၈) ပြည်၊ ကုလားပဲ (၄) ပြည်၊ ခေါက်ဆွဲ နှင့် ငါးသေတ္တာ ဗူးများအား ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်းသတင်းရရှိပါသည်။

​​​​​​​

HOT NEWS
January 4,